Chapter 72

14K 2K 56
                                    

//Zawgyi//

Chapter 72: ရှဲန်းရှန်က တကယ်ကြီးအဲ့ဒါကိုလုပ်နိုင်တယ်

____________________

ကုမ္ပဏီမှာ အလုပ်ရှုပ်တဲ့တစ်မနက်တာပြီးဆုံးသွားပြီးနောက် နေ့လည်ပိုင်းမှာ ကျင်ရွှင်က ပရော်ဖက်ဆာဟို့ဆီ တစ်ခေါက်သွားလည်ရန် ရှန်ရိကျင်းနဲ့အတူ သူ့တက္ကသိုလ်ဆီသွားရန်လိုလေသည်။

ဒီကာလအတွင်းမှာ သူအမျိုးမျိုးသောတက္ကသိုလ်တွေဆီသွားပြီး လေးစားရတဲ့ပရော်ဖက်ဆာတော်တော်များများဆီ သွားလည်ခဲ့သည်။

AIဓာတ်ခွဲခန်းအတွက် ပြင်ဆင်မှုတွေက ပြီးသလောက်ရှိနေပြီဖြစ်ကာ လက်ရှိ သုတေသနဝန်ထမ်းတွေ တိုးချဲ့ပြီး လူသစ်တွေခန့်အပ်တဲ့အဆင့်မှာပင်။

လူသစ်ခန့်ရန်အတွက် ကုမ္ပဏီရဲ့အခြားဓာတ်ခွဲခန်းတွေမှ ဝန်ထမ်းတွေပို့ပေးတာအပြင် အတွေ့အကြုံရှိ၊ အရည်အချင်းရှိ ကျွမ်းကျင်ပညာရှင်တွေကို နည်းပညာလမ်းညွှန်မှုနဲ့ထောက်ပံ့မှုအတွက် သူ့အဖွဲ့ကို ဝင်ရောက်ရန်ဖိတ်ခေါ်ဖို့လိုသည်။

ကံကောင်းစွာနဲ့ ရှန်ရိကျင်းမှာ အဓိကတက္ကသိုလ်ကြီးတွေရှိ နာမည်ကြီးပရော်ဖက်ဆာတော်တော်များများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ဆက်နွယ်မှုရှိတာကြောင့် သူတို့ကိုဆွယ်ရတာက မခက်ခဲပေ။

အထူးသုတေသနဦးတည်ချက်တွေ၊ ဘယ်နေရာကစတင်ပြီး ဘယ်နယ်ပယ်ကို ရှေ့ဆက်မှာတွေ၊ ထိုအရာတွေအားလုံးကို ကျင်ရွှင်ကိုယ်တိုင် ပရော်ဖက်ဆာတွေကို တင်ပြပြီး ဆက်သွယ်ဖို့လိုအပ်သည်။

ပထမဆုံးမှတ်တိုင်အနေနဲ့ သူတို့ ကျင်ရွှင့်မိခင်တက္ကသိုလ်ကို ရွေးချယ်လိုက်ကြ၏။

အာဏာအရှိဆုံးနဲ့ အကျွမ်းကျင်ဆုံး ပရော်ဖက်ဆာဟို့ကို ဒီအကြောင်း အရင်ဆုံးသတင်းပေးလိုက်တာက အံဝင်ခွင်ကျပင်။

ကျောင်းက ယခုနွေရာသီအားလပ်ရက်ပင်။ အခြားမြို့ကနေတက်တဲ့ကျောင်းသားတွေအများကြီးရှိတာမို့ အားလပ်ရက်အတွင်း သူတို့ကကျောင်းမှာပဲနေကြသည်။

ပရော်ဖက်ဆာဟို့အပါအဝင် သူတို့အားလုံးက ပုံမှန်ပဲ အလုပ်လုပ်သလို စာလေ့လာကြသည်။ အဆုံးမှာတော့ ရိဝေ့နဲ့ပူးပေါင်းထားတဲ့ ဒေတာကြီးသုတေသနက ရိုက်ခတ်မှုအပြည့်ရှိနေဆဲမို့ တက္ကသိုလ်ကျောင်းသားတွေအနေဖြင့် အားလပ်ရက်ယူခဲလှသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now