Zawgyi
ရှန်ရိကျင်းရဲ့ထူးမခြားနားမျက်ဝန်းတွေကို တစ်ချက်ကြည့်လိုက်မိတဲ့အချိန် ကျင်ရွှင်ရဲ့နှလုံးသားက မင်သက်သွားရ၏။
သူနာမည်ခေါ်ဖို့ကြိုးစားလိုက်သည် : “Mr?”
တံခါးနောက်မှာရပ်နေတဲ့ ရှန်ရိကျင်းက အမှောင်ထဲမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေကာ ခေါင်းညိတ်ရင်း : “အင်း”
“…ခင်ဗျားအဆင်ပြေရဲ့လား?”
“အဆင်ပြေရဲ့လား?” ရှန်ရိကျင်းက အဲ့စကားလုံးတွေကိုသာ ထပ်ခါတလဲလဲရွတ်နေသည်။ အတိတ်မှာတုန်းကဆိုရင် သူက “ပြေတယ်” ဒါမှမဟုတ် “မပြေဘူး” တစ်ခုခုဖြေမှာဖြစ်သော်ငြားလည်း အခုတစ်ကြိမ်မှာတော့ သူ့ခေါင်းကိုစောင်းကာ ကျင်ရွှင်ရဲ့မျက်လုံးကိုစိုက်ကြည့်နေရင်း သူ့အကြည့်တွေက ပိုပြီးနက်ရှိုင်းလာပေမယ့် ဘာမှတော့မပြောခဲ့ဘူး။
ဒါက အမှန်တကယ်ကို တမူထူးခြားနေသည်။
အချိန်တော်တော်ကြာတော့မှ သူကရုတ်ခြည်းမေးလာသည်
“ ဘာဖြစ်လို့လဲ ရှောင်ရွှင်?”သူ့လေသံအနေအထားက ပုံမှန်ဖြစ်နေဆဲပင်။ အသံကလဲ နက်ရှိုင်းနေပြီး မတိုင်ခင်ကလိုပင် အနှစ်သာရတို့ပြည့်နေသည်။
ဒါပေမယ့် သူက လူတွေနဲ့အများကြီး မဆက်သွယ်ဖူးသော်ငြားလဲ လူတွေရဲ့ခံစားချက်ကို တကယ်နားမလည်တဲ့ကျင်ရွှင်က အခုချိန်မှာ အစ်ကိုကြီးက သိသိသာသာကို ပုံမှန်မဟုတ်မှန်း သိသည်!
ကျင်ရွှင်က သူရှန်ရိကျင်းနဲ့ညှိနှိုင်းခဲ့တာကို မမေ့ပေ။
သူက သူ့ရဲ့ကိုယ်ပိုင်အခန်းကဏ္ဍကိုလဲ မမေ့ပေ။
--သူက Mr.ဗီလိန်ကို စိတ်အခြေအနေငြိမ်းချမ်းအောင် ကူညီပေးရမယ်
ဒါပေမယ့် Mr. ဗြုန်းစားကြီးပြောင်းလဲသွားတာလေ…သူတို့အရင်က တစ်ခါမှလက်တွေ့မလုပ်ဖူးသေးဘူး။ သူ့စိတ်အခြေအနေငြိမ်းချမ်းသွားအောင် သူကဘယ်လိုကူညီရမှာလဲ?
ဘယ်လိုလုပ်ရမလဲ?
ကျင်ရွှင်က နှုတ်ခမ်းသပ်လိုက်သည်။
သူနားမလည်နိုင်တဲ့အရာတွေအတွက် အမြဲတိုက်ရိုက်သာမေးတတ်၏။ အဲ့တာကြောင့် သူကအရဲစွန့်ကာ ရှန်ရိကျင်းကို ပြန်ကြည့်လိုက်ပြီး မေးလိုက်သည်
“ ကျွန်တော်ကူညီနိုင်တာ တစ်ခုခုများရှိမလား Mr?”
YOU ARE READING
ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}
RomanceTitle - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and English translator. Author- Guan Hongyi, 管红衣 English Translator-Hua(KnoxT) Status in COO- 84 Chapters + 9 extras English translator- KnoxT M...