Part - 3

14K 1.5K 206
                                    

《ကျွန်တော်ရောက်ပြီ ရှောင်းကျန့် 》

wechat က စာဝင်လာတာနဲ့ ရှောင်းကျန့်ပြာရတော့သည် ။ သွားဖို့အတွက် သူအကုန်အဆင်သင့်ပြင်ထားပေမဲ့ ဝမ်ရိပေါ်ကို အကြာကြီးစောင့်မစေချင်တာမို့ ပြာပြာယာယာနဲ့ ကြိုးသိုင်းအိတ်ဆွဲယူ စားပွဲပေါ်အဆင်သင့်တင်ထားတဲ့ မုန့်ဘူးနဲ့အတူ ဖုန်းပါယူရင်း အိမ်ထဲကအမြန်ထွက်ရသည် ။

ကားကိုမှီလျက်ရပ်နေသည့် ဝမ်ရိပေါ်က ဒီနေ့သိပ်ကိုကြည့်လို့ကောင်းနေပါသည် ။ ပေါ့ပေါ့ပါပါး ရှပ်အင်္ကျီအစိမ်းနုလေးကို ဂျင်းအဖြူအရှည်နဲ့တွဲကာဝတ်ထားတယ် ။ မျက်နှာနုနုလေးနဲ့ပေါင်းလိုက်တော့ အမှန်တကယ်ကို ဆယ်ကျော်သက်ကလေးလိုပဲ ။

ရှောင်းကျန့်ထွက်လာတာမြင်သည့်အခါ လက်ထဲကနှစ်ထပ်ဆင့်ထားသည့် မုန့်ဘူးကိုလာယူပေးသည် ။

"  တကူးတကနဲ့ ဘာတွေလုပ်လာတာလဲဗျာ "

"  ကျွန်တော်တို့ အဆာပြေစားဖို့ပါ "

ပထမဆုံးတရားဝင်ဒိတ်မှာ ဘယ်တွေသွားပြီး ဘာတွေလုပ်ကြလဲ ရှောင်းကျန့်မကြုံဖူး၍မသိပေမဲ့ ဒရာမာကြည့်ရတာကြိုက်တဲ့ ရှောင်းကျန့်က ဒရာမာတွေထဲကအတိုင်း အဆာပြေစားလို့ရအောင် ကြက်ဥလိပ်လေးတွေရယ် အသီးတစ်ချို့ရယ်ကို လှလှလေးထုပ်ပိုးလာခဲ့တာပင် ။ ဒီအရာတွေက သူ့လိုစားဖိုမှူးအတွက် ဘာမှခက်ခဲသည့်အရာမဟုတ်ပေ ။

"  ရှောင်းကျန့် မနက်စာစားခဲ့ပြီလား "

"  ဟုတ်ကဲ့ ကျွန်တော်စားပြီးပါပြီ ... ရိပေါ်ရော "

" အာ ...  ကျွန်တော်မစားခဲ့ရသေးဘူး  "

ရှောင်းကျန့်နဲ့အတူစားမလားဆိုပြီး သူမစားဘဲလာခဲ့တာ ။ ဒါပေမဲ့ ဒီစကားကိုတော့ သူထုတ်မပြောပါဘူး ။ တကယ်တမ်းလိုခဲ့တာသူမဟုတ်လား ။ ရှောင်းကျန့်ကိုအတူစားကြဖို့ သူသာအရင်အသိပေးခဲ့မိရင် ရှောင်းကျန့်ကမစားဘဲစောင့်နေခဲ့မှာ ။

"  ကျွန်တော်နဲ့အတူစားဖို့ မစားခဲ့တာလား ရိပေါ်ရယ် ၊  အားနာလိုက်တာဗျာ၊ ကျွန်တော်အတွေးတိမ်သွားမိတယ် " 

ရှောင်းကျန့်က ကျစ်စုပ်သပ်၍ သူ့ကိုယ်သူအပြစ်တင်သလိုပြောလာတယ် ။ ဒိတ်လုပ်ကြဖို့ စချိန်းခဲ့တာဟာသူဖြစ်ပြီး သူကပဲအလိုက်ကမ်းဆိုးမသိခဲ့တာဖြစ်သည် ။

𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]Место, где живут истории. Откройте их для себя