Part - 8

11.4K 1.5K 75
                                    

ရိပေါ်ပြန်သွားတာ ၁၀မိနစ်လောက်အကြာမှာပဲ မိုးတွေကတဖွာဖွာကနေ တစ်ဖွဲဖွဲနဲ့သည်းထန်စွာပဲကျလာခဲ့တယ် ။ သေချာပေါက် ရိပေါ်တော့မိုးမိသွားလောက်မယ်ထင်ပါရဲ့ ။ မိနစ်နှစ်ဆယ်လောက်ရှိနေပြီ ရိပေါ်ဆီကအိမ်ပြန်ရောက်ကြောင်း စာမလာသေးတာမို့ ရှောင်းကျန့်ကဖင်တကြွကြွနဲ့ပဲ နေမရထိုင်မရဖြစ်လာတယ် ။

ခုံပေါ်ထိုင်လိုက် လက်သည်းကိုက်လိုက် မတ်တပ်ရပ်လိုက်နဲ့ သူ့ရဲ့ပုံစံကိုကျင်းကော်ကတောင် မျက်လုံးလေးဝေ့လို့ကြည့်နေပြီ ။

" ကျင်းကော် သူတော့မိုးမိလောက်ပြီထင်တယ်နော် "

ကျင်းကော်ကသူ့စကားကို နားလည်သည့်အလား ညောင်လို့အော်ကာသူ့ကိုယ်ပေါ်တက်လာတယ်။ ကျင်းကော်ရဲ့ဗိုက်ကိုပွတ်သပ်နေပေးတုန်းမှာပဲ ဖုန်းသံကထမြည်လာခဲ့၏။ စာလေးတစ်စောင်အစား ရိပေါ်ကဖုန်းခေါ်လာခဲ့တာပဲဖြစ်သည် ။

" ရိပေါ် "

" ကျွန်တော်ခုပဲပြန်ရောက်တယ် ရှောင်းကျန့် ၊ မိုးနည်းနည်းမိပေမဲ့ အဲ့တာကလဲနည်းနည်းပါပဲ "

ရိပေါ်က ရှောင်းကျန့်စိတ်ပူနေမှာမှန်းသိလို့ အိမ်ပြန်ရောက်ရောက်ချင်း ဖုန်းဆက်လာခဲ့တာပင်။ ဖုန်းတစ်ဖက်ကနေ အသံတွေကြားနေရတာမို့ ရှောင်းကျန့်ကသူစိတ်ထဲထင်နေတာကို ထုတ်မေးလိုက်တယ် ။

" ရိပေါ် အခုမှအင်္ကျီလဲနေတာလား "

" ဟုတ်တယ်ဗျ ၊ ဖုန်းခဏလေးကိုင်ထားပါဦးနော် "

ရိပေါ်က ဖုန်းစပီကာဖွင့်ထားပုံပါပဲ။ အင်္ကျီချွတ်နေတဲ့အသံတွေရယ် ဗီရိုဖွင့်သံ၊ ရေချိုးခန်းတံခါးဖွင့်သံပိတ်သံတွေပါ ရှောင်းကျန့်ကအတိုင်းသားကြားနေရတယ် ။ သူဖုန်းကိုနားနဲ့ခဏလေးတောင် မခွာချင်ဘူး။ ကြားနေရတဲ့အသံတွေနဲ့အတူ သူ့မျက်လုံးမှာပုံဖော်လို့ရနေတာကြောင့် ဖုန်းကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင်း ရိပေါ်ရဲ့အသံပြန်လာမဲ့အချိန်ကို စောင့်နေမိတယ် ။

"  ရှောင်းကျန့် ရှိနေသေးလား "

" ကျွန်တော်ရှိနေပါတယ် "

" ဟုတ်ကဲ့ "

ရိပေါ်ရောသူ့ဆီကရော အသံတွေဟာတိတ်လို့ ။ အရင်ကအိမ်ပြန်ရောက်ရင် ပြန်ရောက်ကြောင်းစာနဲ့ပဲဆက်သွယ်ခဲ့တာကြောင့် ယခုလိုဖုန်းဆက်ခြင်းက သူတို့အတွက်ပထမဆုံးအကြိမ်ဖြစ်သည်မို့ ဘာဆက်ပြောရမယ်မှန်းမသိကြတော့ဘူး ။

𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]Wo Geschichten leben. Entdecke jetzt