" ရှောင်းကျန့် ဘာကားကြည့်ချင်လဲ? "
ရှောင်းကျန့်က Cinema1,2,3 က ဇာတ်ကားတွေကိုမော့ကြည့်ရင်း စဉ်းစားနေပုံရတယ် ။ ၃ကားက ၃မျိုးပင် ။ ကာတွန်းကားရယ် ၊ ရိုမန့်စ်ကားရယ် ၊ သည်းထိပ်ရင်ဖိုစရာကောင်းတဲ့ ပင်လယ်ရေမြွေကားရယ် ။ ချစ်သူရည်းစားတွေနဲ့ လာကြည့်မှတော့ ကာတွန်းကားကမဟုတ်သေးဘူးမလား ။ ပုံမှန်ဆိုရင်တော့ သူကရိုမန့်စ်ထက် ကာတွန်းကားကိုပိုအားသန်ပေမဲ့ သူ့ဝမ်ရိပေါ်ရှေ့တော့ ကလေးဆန်တာကို မရွေးချယ်ချင်ဘူးလေ ။
" ရိုမန့်စ်ကားပဲကြည့်ကြမလား? ရိပေါ်ရော ဘာကြည့်ချင်လဲ "
" ရတယ် အဲ့တာပဲကြည့်မယ်လေ ၊ ဒီမှာခဏစောင့်ဦးနော် ကျွန်တော်လက်မှတ်ဖြတ်ခဲ့လ်ုက်မယ် "
ရှောင်းကျန့်က ခေါင်းလေးညိမ့်ပြရင်း ရုပ်ရှင်ရုံရှေ့ကထိုင်ခုံမှာဝင်ထိုင်လိုက်တယ် ။ ဘေးဘီကိုကြည့်တော့ အကုန်သူလိုငါလို အတွဲတွေရယ် တစ်ချို့ကမိသားစုအလိုက် ၊ တစ်ချို့မှာတော့ ယောက်ျားလေးမိန်းကလေး သူငယ်ချင်းအစုလိုက်လေးတွေ ။ ဒါပေမဲ့ ယောက်ျားလေးနှစ်ယောက်တွဲ ရုပ်ရှင်လာကြည့်တာတော့ သူတို့ပဲရှိလောက်မယ်ထင်ရဲ့ ။
အလုပ်ဆင်းချိန်မှ ရိပေါ်က ရုပ်ရှင်ကြည့်ကြမလားမေးတော့ သူဝမ်းသာအားရပဲခေါင်းညိမ့်ပြခဲ့တာဖြစ်သည် ။ ဒိတ်တင်းလုပ်တဲ့သူတွေမှာ ရုပ်ရှင်ဒိတ်ဆိုတာ မပါမဖြစ်လေ ။ သူကြည့်ရတဲ့ဒရာမာတွေထဲတော့ ချစ်သူအတွဲတေဝ ရုပ်ရှင်ရုံသွားတဲ့အခါ ရိုမန့်စ်လေးကြည့်ရင်း ... အင်း ... အနမ်းချင်းဖလှယ်ကြတာမျိုးပေါ့ ။
သူနဲ့ရိပေါ်က အဲ့သည့်လောက်အဆင့်ထိမရှိကြသေးပေမဲ့ ၊ လက်လေးလောက်တော့ကိုင်ရင်း ကြည့်လို့ရတာပဲ ။ သူ့အတွေးနဲ့သူတွေးရင်း ခေါင်းငုံ့လို့ပြုံးမိနေတုန်းပဲ လက်မှတ်သွားဖြတ်ပြီးပြန်လာတဲ့ရိပေါ်က သူ့ဘေးနားဝင်ထိုင်လို့ သူ့ကိုကြည့်လာခဲ့တယ် ။
" ဘာတွေသဘောကျနေတာလဲ "
သူခေါင်းကိုသာ အသာရမ်းပြလိုက်မိတယ် ။ သူ့အတွေးကို ရိပေါ်ကိုမပြောပြချင်ပါဘူးနော် ။ မျက်နှာပူစရာကောင်းတယ်လေ ။ ဒါပေမဲ့ ရိပေါ်ကတော့ မျက်နှာမှာအပြုံးရေးရေးထင်နေသေးတဲ့ ရှောင်းကျန့်ကိုကြည့်ရင်း သူပါလိုက်ပြုံးနေခဲ့တယ် ။ မျက်လုံးအိမ်ကြီးတဲ့ရှောင်းကျန့်က ရယ်နေတာပဲဖြစ်ဖြစ် ၊ ပြုံးနေတာဖြစ်ဖြစ် မျက်လုံးထောင့်လေးတွေက ကွေးကွေးလေးနဲ့အရစ်လေးတွေပေါ်လာပြီး မျက်ဆံလေးက ကြယ်လေးတွေစုထားသလိုပဲ တစ်လက်လက်နဲ့ ။ ကြည့်မိရင် ထပ်ခါတစ်လဲလဲကြည့်ချင်စိတ်တွေဖြစ်ရတယ် ။
![](https://img.wattpad.com/cover/287550034-288-k125443.jpg)