Part - 12

12.3K 1.4K 103
                                    

သူတို့နှစ်ယောက်ရဲ့အဖြစ်က ရယ်တွောလည်းရယ်ရပါတယ် ။ နှစ်ယောက်သားဆီမှာက ပေကျင်းမှာမိသားစုဝင်တွေမရှိတော့ လွတ်လပ်နေတာများပေါ့ တစ်ယောက်အိမ်တစ်ယောက်လှည့်ပတ်နေကြတာပင်။ မွေးနေ့ညက ရိပေါ်အိမ်မှာညအိပ်ပြီး ယနေ့တွင်တော့ ရှောင်းကျန့်အိမ်မှာအိပ်ကြဖို့ ဖန်လာခဲ့သည်။

မိုးရွာထဲမှာ အချိန်အကြာကြီး ပတ်ဝန်းကျင်ကိုဂရုမပြုဘဲ နမ်းခဲ့ကြတဲ့ရလဒ်ကြောင့် အခုနှစ်ယောက်သား တုန်တုန်ရီရီနဲ့ အိမ်ကိုပြန်ရောက်လာကြတယ်။ နှစ်ယောက်လုံးက မိုးစိုထားတာမို့ အအေးပတ်သွားမှာ ကြောက်ရတယ်လေ ။

" ရိပေါ် အရင်ချိုးလိုက် ၊ ပြီးရင်နွေးသွားအောင် သောက်ဖို့ ကျွန်တော်ကော်ဖီအဆင်သင့်ဖျော်ထားလိုက်မယ် "

" ရှောင်းကျန့်အရင်ချိုးပါလား မိုးစိုကြီးနဲ့အအေးပတ်သွားရင် ဘယ်လိုလုပ်မလဲ "

"  ရတယ် အရမ်းမစိုနေတော့ပါဘူး...  ရိပေါ်ချိုးနေတုန်း ကျွန်တော်နွေးအောင် အရင်ကော်ဖီသောက်ထားလိုက်မယ်လေ ... "

"  ဒါဆို ကျွန်တော်အမြန်ချိုးလိုက်မယ် "

" ရေနွေးနွေးလေးစပ်ချိုးနော် "

နှစ်ယောက်လုံးက အတူချိုးကြမလားဆိုတဲ့ စကားတော့မပြောရဲကြသေးဘူး။ မက်မက်မောမောအနမ်းပေးကြတာတောင် ရက်ပိုင်းလေးပဲရှိသေးသည်။ နှစ်ယောက်သားကြား အပြောင်းအလဲလေးတွေရှိလာတာကောင်းပေမဲ့ အရမ်းအများကြီးနယ်ကျွံမှာကိုလဲ တွေးပူနေရပြန်သည်။

" ခေါင်းလေးတော့သုတ်ထားဦးနော် "

ရိပေါ်က မီးဖိုခန်းမှာသူ့ကိုနောက်ကျောပေးလျက် ကော်ဖီဖျော်နေပါတဲ့ ရှောင်းကျန့်နောက်မှာဝင်ရပ်ပြီး ခေါင်းပေါ်ကို တဘက်လာတင်ပေးတယ်။

" ကောင်းပါပြီဗျာ "

ခေါင်းနောက်လှည့်ကာ ရှောင်းကျန့်ကပြုံးပြရင်းပြောတော့ ရိပေါ်မှင်သက်ရပြန်သည်။ ရေစက်ပေါက်သေးသေးလေးတွေကျန်နေသေးသည့် ရှောင်းကျန့်မျက်နှာက အတော်လေးဆွဲဆောင်မှုရှိပါသည်။ ဆက်ကြည့်နေရင်းမှာပဲ ရိပေါ်ကိုယ်လေးကဆတ်ခနဲတုန်သွားရပြီး ခြေတစ်လှမ်းနောက်ဆုတ်လို့သွားတယ်။ ထို့နောက် ချက်ချင်းလှည့်ထွက်ကာ အခန်းထဲဝင်သွားတော့သည်။ ရှောင်းကျန့်ကသူ့ကိုလိုက်ကြည့်နေတာသိပေမဲ့ သူပြန်လှည့်မကြည့်မိတော့ဘူး။

𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]Where stories live. Discover now