Part - 16

13.5K 1.1K 65
                                    

ရှောင်းကျန့်အိပ်ရာနိုးတဲ့အချိန်ဟာ နေရောင်ပင်အတော်အတန်ထွက်လာပြီဖြစ်သည်။ စားပွဲခုံပေါ်ကနာရီက  ၈နာရီ ၁၅မိနစ်ကို ရည်ညွှန်းနေခဲ့တယ်။ သူ့ခန္ဓာကိုယ်ကတော့ အနောက်တစ်စုံတစ်ယောက်ကြောင့် အေးတယ်လို့ပင်မခံစားရဘဲ နွေးထွေးလို့နေသည်။

ရိပေါ်က ရှောင်းကျန့်တစ်ကိုယ်လုံးကိုအနောက်ကနေဖက်ထားရင်း အိပ်ပျော်နေတုန်းပဲဖြစ်သည်။ နောက်ကျောဘက်ဆီကကြားနေရတဲ့ အသက်ရှုသံဖြည်းဖြည်းရယ် ၊ ဂုတ်သားကိုရိုက်ခတ်နေတဲ့ ဝင်သက်ထွက်သက်နွေးနွေးရယ်က ရှောင်းကျန့်ကိုလုံခြုံမှုပေးနိုင်တဲ့ စွမ်းအားတွေရှိပုံပါပဲ။

ညကအကြောင်းစဉ်းစားမိတော့ ရှောင်းကျန့်မျက်လုံးတို့ကိုပြန်မှိတ်လိုက်ကာ ခပ်သာသာပြုံးမိသွားတယ်။ နှစ်ယောက်လုံးက အတွေ့အကြုံမရှိပေမဲ့လို့ အရွယ်ရောက်ပြီးသားယောက်ျားသားတွေဖြစ်တာကြောင့် သိပ်မခက်ခဲခဲ့ဘူး။ ညကသူတို့နှစ်ယောက်လုံး နှစ်ခါမြောက်ပြီးဆုံးခဲ့ပြီးမှ အိပ်ရာဝင်ခဲ့ကြတာဖြစ်သည်။

နှစ်ယောက်သားအိပ်ရာဝင်ခဲ့ကြတယ်ဆိုပေမဲ့ ရှောင်းကျန့်ကအရင်ဆုံးအိပ်ပျော်သွားခဲ့တာပါပဲ။ အမှန်အတိုင်းပြောရရင် ရိပေါ်သူ့ကိုသန့်ရှင်းရေးလုပ်ပေးနေရင်းပဲ သူအိပ်ပျော်သွားခဲ့တာ။ ရိပေါ်ကိုအားနာစရာကောင်းပေမဲ့ သူတကယ်အိပ်ချင်စိတ်ကိုမထိန်းနိုင်ခဲ့ဘူး။ ပြန်တွေးတော့လည်း ရင်ထဲတအုံနွေးနွေးပဲ။ ရိပေါ်ကို သူအဆုံးထိပေးအပ်ခဲ့လိုက်ပြီဆိုတဲ့အတွေးက သူ့ကိုရင်ခုန်စေပါသည်။

နောက်ကျောပေးထားရာကနေ မျက်နှာချင်းဆိုင်လှည့်လိုက်တော့ လှုတ်ခပ်သွားတဲ့အိပ်ရာကြောင့်ထင် ရိပေါ်ကမျက်လုံးဖွင့်လာတယ်။ ရင်ခွင်ထဲကနေ သူ့ကိုမော့ကာကြည့်နေတဲ့ ရှောင်းကျန့်ကိုပြုံးပြလာရင်း အနမ်းနွေးနွေးကနဖူးပေါ်ကျရောက်လာသည်။ ရှောင်းကျန့်က မျက်လုံးအသာမှိတ်ထားရင်း သူ့ချစ်သူရဲ့မနက်ခင်းအကြင်နာကိုခံယူလိုက်တယ်။

" နိုးပြီလား ? ညကကောင်းကောင်းအိပ်ပျော်ရဲ့လား "

" အင်း "

" ကိုက်ခဲတာမျိုးရှိလား? နေရတာရောသက်သာရဲ့လားဟင် "

" ကိုယ် အဆင်ပြေပါတယ် "

𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]Место, где живут истории. Откройте их для себя