Part - 9

11.4K 1.4K 70
                                    

ရိပေါ်နေမကောင်းဖြစ်ပြီး သက်သာသွားတဲ့နေ့ကစပြီး ရှောင်းကျန့်နဲ့ရိပေါ်က အရင်ကထက်ပိုပြီး ရင်းနှီးလို့လာခဲ့တယ် ။
ဥပမာ - ရိပေါ်ရဲ့ဆိုင်ကယ် showroom ကို ရှောင်းကျန့်က နေ့လည်စာစားချိန်ထမင်းချိုင့်ဆွဲပြီး ရောက်လာတာမျိုး၊ တစ်ယောက်အိမ်ကိုတစ်ယောက် ခွင့်တောင်းစရာမလိုပဲ ဝင်ထွက်လာတာမျိုး၊ နှစ်ယောက်တည်းရှိနေချိန်မှာ စူးနစ်နစ်အကြည့်မျိုးပေးမိတာမျိုးပေါ့။

သို့ပေမဲ့ ရှိုးတိုးရှန့်တန့်အပြုအမူတွေကနေ ခွဲထွက်လို့ ဒီထက်ပိုရဲတင်းတဲ့ဆက်ဆံရေးကို ကျူးကျော်ဖို့အတွက်တော့ ကြိုးစားနေတုန်းပဲဖြစ်သည် ။

"  တခြားဘာထည့်စရာတွေ လိုဦးမလဲ "

ရိပေါ်က ရှောင်းကျန့်အခန်းထဲမှာရောက်နေတာဖြစ်ပြီး luggage ထဲကို ဝတ်စရာအချို့နဲ့ လိုအပ်တဲ့အသုံးအဆောင်များကိုထည့်နေတဲ့ ရှောင်းကျန့်ဘေးမှာ ငုတ်တုတ်ထိုင်လို့မေးလာပါတယ် ။

" ဆေးတွေရော ပါရဲ့လား "

"  ကျွန်တော် အဲ့တာတွေမေ့နေတာတော့ "

"  ဟောဗျာ ကိုယ့်အတွက်အရေးကြီးတာကိုမှ မေ့ရလား "

ကြိမ်ဖန်များစွာရောက်ဖူးပြီး ရင်းနှီးနေပြီမို့ ရိပေါ်က ဆေးသေတ္တာကိုကိုယ်တိုင်သွားယူပြီး စိစစ်နေတယ် ။ ရှောင်းကျန့်က အဝတ်တွေထုတ်နေရာကနေ ရိပေါ်ကိုကြည့်၍ပြုံးမိသည် ။ မသိပါလျှင် သူတို့နှစ်ယောက်က ညားခါစအတွဲတွေလို ဟန်းနီးမွန်းသွားဖို့ပြင်ဆင်နေတာနဲ့တောင် တူနေသည်။

တကယ်တော့ရှောင်းကျန့်က ရှန်ဟိုင်းမှာပြုလုပ်မဲ့ အကြီးအကဲပိုင်းထဲကလက်ထပ်ပွဲကို အစအဆုံးစီစဉ်ပေးဖို့အတွက် သွားဖို့ညွှန်ကြားချက်ရထားခဲ့တာဖြစ်သည်။ သူတို့ဟိုတယ်ကနာမည်ကြီးတဲ့ထဲမှာပါပြီး ပိုင်ရှင်ကလဲ အစိုးရနဲ့ပတ်သက်နေတဲ့သူထဲကမို့ အရေးကြီးတဲ့ပါတီတွေ၊ မွေးနေ့ပွဲတွေ၊ ထိမ်းမြားမင်္ဂလာပွဲတွေအတွက် တာဝန်ယူရတာများသည် ။

ရှောင်းကျန့်အနေနဲ့ကလည်း ဒီကြားထဲမှာ လစ်ခနဲ လစ်ခနဲ ပျောက်သွားတာတွေ၊ ပျက်ကွက်တာတွေများနေတော့ ဒီတခါသူမငြင်းလိုက်ချင်ပေ ။
တစ်ချို့သောလက်အောက်သားတွေဆီကလဲ chef က တစ်လောပိုင်းမှာ ခြေလှမ်းပျက်နေတယ်ပြောသံတွေလဲကြားမိသေးတယ်။

𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]Onde histórias criam vida. Descubra agora