Part - 2

16.1K 1.7K 191
                                    

Wechat profile မှာတင်ထားတဲ့ ကြောင်ပုံကိုကြည့်ရင်း ရိပေါ်ရင်ထဲတစ်ရိပ်ရိပ်နဲ့ ရင်ခုန်နေခဲ့တယ် ။ သူ့မနေ့ညကအိပ်မက်မှာ ရှောင်းကျန့်က ပထမဆုံးအနေနဲ့ရောက်လာခဲ့တယ် ။ သူဘယ်လောက်တောင် စိတ်ထဲထားနေမိလဲဆိုတာလေ ။

မနေ့ကပါတီမှာ ဒီလူဝင်လာထဲက ရိပေါ်က ကြည့်မိနေခဲ့တာ ။ စတိုင်ပန်ဘောင်းဘီဲ ရှပ်အင်္ကျီထည့်ဝတ်ထားတဲ့ ထိုလူရဲ့သေးသွယ်သွယ်ခါးလေးက မျက်စိမလွှဲချင်လောက်အောင်ပဲ ။ ရှောင်းကျန့်နဲ့ အမှတ်မထင်ဘဲ သူနှစ်ခါတောင်မျက်ဝန်းချင်းဆုံခဲ့တယ် ။ နှစ်ခါစလုံးမှာ သူ့ရင်တွေထိန်းမရအောင် လှိုက်ခုန်နေခဲ့တာ သူအသိဆုံး။

စကားပြောကြည့်ပါမှ ထိုသူ့ဆီမှာ ဆိုင်သူမရှိပါတဲ့လေ ။ အဲ့ဒီ့အချိန် သူ့ပျော်ရွှင်မှုကဘာနဲ့မှမလဲနိုင်ဘူး ။ ပိုပြီးဆိုးတာက တစ်ခါမှတောင်ရည်းစားမထားခဲ့ဖူးပါဘူးတဲ့ ။ ဘယ်လောက်တောင်မှ သဘောကျစရာကောင်းလိုက်သလဲ ။

အချိန်က ၈နာရီ ။ ဒီအချိန်ဆို ရှောင်းကျန့်နိုးလောက်ပြီလို့ထင်သည် ။ ထို့ကြောင့် ရိပေါ် wechat ထဲဝင်လိုက်တယ် ။

《 ရှောင်းကျန့်နိုးပြီလား ? 》

စက္ကန့်သုံးဆယ်လောက်ပဲ စောင့်လိုက်ရပြီး ရှောင်းကျန့်ဆီက စာပြန်ရောက်လာခဲ့တယ် ။

《 ကျွန်တော်နိုးနေပါပြီ 》

《မနက်စာရော စားပြီးပြီလားခင်ဗျ 》

《 ခုစားနေရင်း ပို့နေတာပါ ၊ ရိပေါ်ရော စားပြီးပြီလား 》

တခြားချစ်သူရည်းစားတွေ ပထမဆုံးစတွဲတဲ့အခါ ဘယ်လိုစပြီးပြောကြဆက်သွယ်ကြလဲ သူမသိဘူး ။ သူတို့ကလူငယ်တွေလည်းမဟုတ်လေတော့ ၊ နောက်ပြီး ခုမှစပြီးချစ်သူထားဖူးတာမို့ ဒီလိုကပဲ သမာရိုးကျဖြစ်စဉ်လို့ထင်မိတယ် ။

《 ကျွန်တော်စားပြီးပါပြီ ၊ အခုဆိုင်သွားတော့မလို့ပါ 》

《 ဟုတ်ကဲ့ ၊ ကျွန်တော်လဲစားပြီးရင် အလုပ်သွားရပါတော့မယ်  》

မနေ့ညကမှစတဲ့ တွေ့ဆုံမှုမို့ သူတို့တစ်ယောက်အကြောင်းတစ်ယောက် ဂဃနဏမသိသေးဘူး ။ ရှောင်းကျန့်ဘာအလုပ်လုပ်လဲ သူမသိသေးသလို သူဆိုင်ကယ် showroom ဖွင့်ထားတာလဲ မပြောရသေးဘူး ။ ဒါပေမဲ့ အဆင်ပြေပါတယ် ။ တဖြည်းဖြည်းလေ့လာကြမယ်လို့ ပြောထားကြတာပဲကို ။

𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]Tempat cerita menjadi hidup. Temukan sekarang