ရှောင်းကျန့် moments မှာ ပုံတင်လိုက်ရင် သူငယ်ချင်းတွေကလာမေးတော့မယ်ဆိုတာ ကြိုသိနေခဲ့တယ်။ ဒါပေမဲ့ သူကဖုံးကွယ်ထားဖို့ဆန္ဒတော့မရှိဘူး ။ သို့ပေမဲ့လည်း အကုန်လုံးကိုလည်း အလုံးစုံတိတိကျကျပြောပြဖို့လဲ မလိုဘူးလို့ထင်တယ် ။
ထင်ထားတဲ့အတိုင်းပဲ သူတို့ကျောင်းက group chat ထဲမှာ သူ့ကိုမန်းရှင်းလုပ်ပြီး တစ်ယောက်တစ်ပေါက်မေးလာတယ် ။ အဲ့ဒီ့ group chat ထဲမှာ ဝမ်ရိပေါ်လဲရှိနေခဲ့တာကို သူတို့ပထမဆုံးတွေ့တဲ့ညကမှသူသိခဲ့တာဖြစ်သည် ။
^ @ရှောင်းကျန့် ဖြေရှင်းချက်လေး ^
^ ဘယ်ကကောင်မလေးလဲ ? ငါတို့အသိထဲကပဲလား? ^
^ ကောင်မလေးရဲ့ ဓာတ်ပုံလက်ရာကောင်းတယ်ဟ
Pro လိုမျိုးပဲ ^^ ဟေ့ကောင်တွေ သေချာပြူးကြည့်ကြပါဦး ၊
ငါဘယ်လိုကြည့်ကြည့် အဲ့တာကရှောင်းကျန့်နောက်ကျောလို့မထင်ဘူးနော် ^ရူးပါ့ ။ ဘယ်သူက first date ဆိုပြီး ကောင်မလေးပုံမတင်ဘဲ ကိုယ့်ပုံနောက်ကျောကိုယ်တင်မှာလဲ ။
^ ဒါဆို ဘာလဲဟ ^
^ ကလင် ကလင် @ရှောင်းကျန့် ရှိလား ရှိလား
ရှိရင်အကြောင်းပြန် ^^ သိချင်လွန်းလို့ သေတော့မယ်ဟ
@ရှောင်းကျန့်ရေ ဖေ့သားရေ ရောက်ရာကနေကြွလာပါဦး ^ရှောင်းကျန့် တစ်ယောက်တစ်ပေါက်စီအုံကြွကာမေးလာတဲ့မေးခွန်းတွေကိုကြည့်ရင်း အသံထွက်လို့ရယ်မိတယ် ။ သူအသိပေးချင်ပေမဲ့ ရိပေါ်ရဲ့ဆန္ဒကိုလဲ မေးချင်သေးတယ် ။ ရိပေါ်သာ သူငယ်ချင်းတွေကိုအသိမပေးချင်သေးဘူးဆို သူကလည်းအသံတိတ်နေရုံပါပဲ ။
မင်ယွီက group chat ထဲကစာတွေကိုတွေ့ပြီး ရှောင်းကျန့်မဖြေချင်လို့တမင်ဝင်မပြောတာမှန်းရိပ်မိပြီး private message ကိုရောက်လာတယ် ။ တခြားသူတွေနဲ့စာရင် သူနဲ့ရှောင်းကျန့်က ပိုအတွဲများပြီး ပိုရင်းနှီးတယ်လို့ထင်တာကြောင့်ပင်။
《 ငါ အဲ့ဒီနောက်ကျောကို တော်တော်ရင်းနှီးနေသလိုပဲ 》
ရှောင်းကျန့်ရယ်လိုက်မိတယ် ။
KAMU SEDANG MEMBACA
𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]
Fiksi PenggemarWang Yibo x Xiao Zhan Pic crd to owner ^^