Part - 20 Final

16.1K 1.3K 176
                                    

[ 7203 words ရှိပါတယ် အားရပါးရဖတ်ကြပါရှင် ]

လော့ရန်ခရီးစဉ်ကအမှန်တကယ် ပျော်ဖို့ကောင်းခဲ့သည်။ မိသားစုအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းနဲ့မဟုတ်ပေမဲ့လို့ မိဘနှစ်ပါးရယ် အဖွားရယ်ရှိတဲ့မိသားစုလေးက အတော်အသင့်တော့နွေးထွေးမှုရှိသည်။ မိသားစုနွေးထွေးမှုနဲ့အချိန်အတော်ကြာဝေးကွာခဲ့နေသည့် ရှောင်းကျန့်အဖို့တော့ ဤနွေးထွေးမှုက ပိုတာထက်လွန်နေခဲ့သည်။

သူနဲ့ဝမ်ရိပေါ်တို့ တွေ့ဆုံရမည့်အဖြစ်ကနေ လွဲခဲ့သည့်နှစ်လို့ပြောရမလား ? ဝမ်ရိပေါ် သူတို့ကျောင်းဆီပြောင်းလာတဲ့နှစ်မှာပဲ ရှောင်းကျန့်ချုံချင်းကိုပြောင်းသွားရတာဟာ မာမားကျန်းမာရေးကြောင့်ပဲဖြစ်သည်။ အသည်းကင်ဆာနဲ့ မာမားဆုံးသွားပြီး နှစ်နှစ်အကြာမှာ ပါပါးလဲဆုံးသွားခဲ့တာမို့ ရှောင်းကျန့်က မိဘအမွေထားခဲ့သည့်ပိုက်ဆံတွေနဲ့ ပေကျင်းကိုပြန်လာပြီး ဒီခြံဝင်းလေးနဲ့အိမ်ကိုဝယ်ယူအခြေချခဲ့တာပဲဖြစ်သည်။

အခုတော့ ရှောင်းကျန့်အထီးမကျန်ရတော့ပါဘူး။ သူ့အနားမှာ အကောင်းအဆိုး၊ ပူဆွေးမှု ၊ ဝမ်းနည်းမှုတွေကို အတူမျှဝေပေးပြီး ပျော်ရွှင်မှုတွေယူဆောင်လာပေးမဲ့ တစ်ဦးတည်းသောသူရှိနေခဲ့ပြီပဲဖြစ်သည်။

ဝမ်ရိပေါ်က ရှောင်းကျန့်အတွက် အားကိုးရာ ၊ တွယ်တာရာ ၊ မြတ်နိုးစရာတွေနဲ့ပြည့်နေတဲ့ ဤကဲ့သို့သောသူဖြစ်သည်။

လော့ရန်ကပြန်လာတော့ နှစ်ကူးမုန့်ဖိုးတွေလည်းအများကြီးရခဲ့တယ်။ ဝမ်မိသားစုက ရိပေါ်အတွက်တင်မဟုတ်ဘဲ သူတို့ရဲ့သားမက်လေးအတွက်ပါဆိုပြီး ရှောင်းကျန့်အတွက်ပါ တစ်အိတ်သပ်သပ်ထုတ်လို့ပေးခဲ့သည်။ ဤမျှကြည်နူးစရာကောင်းတဲ့ပျော်ရွှင်မှုမျိုး ရှောင်းကျန့်မခံစားရတာကြာပြီမို့ထင်ရဲ့ သူရိပေါ်မိဘတွေရှေ့ပင် မျက်ရည်ကျခဲ့မိသေးတယ်။ သို့ပေမဲ့လို့ သူမရှက်မိပါဘူး။

ရိပေါ်က အဲ့အချိန်တည်းက သူ့ကိုအနားကနေပေးမခွာတော့တာဖြစ်သည်။ လော့ရန်မှာ ၃ ၄ရက်လောက်နေပြီးပြန်ရောက်လာတည်းက သူ့အိမ်ကိုခေါ်ချလာခဲ့တာ။ ရိပေါ်ကလည်း ရှောင်းကျန့်ကိုပြန်လွှတ်ဖို့စိတ်ကူးမရှိသလို ရှောင်းကျန့်ကလည်း သူ့အိမ်သူ့ယာကိုပြန်ဖို့တစ်ခွန်းမှမဟဘူး။

𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]حيث تعيش القصص. اكتشف الآن