Part - 13

12K 1.3K 119
                                    

ပုံမှန်အလုပ်ဆင်းရတဲ့နေ့တွေ ပြန်ရောက်လာခဲ့ပေမဲ့ သူတို့နှစ်ယောက်ကတော့ အလုပ်ဆင်းတိုင်းနေ့စဉ်ချိန်းတွေ့နေကြတုန်းပါပဲ။ နောက်ပြီးတော့ တိုးတက်လာတာလဲရှိသေးတယ်။ အခုလိုပေါ့ ။

《 အချစ်ကောင်လေး... ညကျကိုယ်တို့ ပွဲဈေးမှာစားကြမလား 》

* ကိုယ့်အချစ်ရယ်လို့ * သုံးနှုန်းမိတဲ့နေ့ကတည်းက ရှောင်းကျန့်က ဒီအသုံးကိုပါးစပ်ထဲစွဲသွားတာများ ထမင်းစားရေသောက်တောင်ပြောနိုင်နေပြီ။ တကယ်တော့အဲ့လိုအသုံးလေးတွေက သူတို့နှစ်ယောက်ကိုပိုပြီး နီးကပ်စေသလိုပါပဲ။

ရိပေါ်ကလဲ သူဒီလိုခေါ်တာကိုသဘောကျပုံရသည်။ ပြေပြေလေးကွေးသွားတတ်သည့် နှုတ်ခမ်းပါးလေးတွေက တကယ်မြတ်နိုးမဝစွာပင်။ အမှန်ပါပဲ ရှောင်းကျန့်ကလေ ဝမ်ရိပေါ်ကို သိပ်ချစ်နေမိတော့တာ။ ရိပေါ်ကရော ရှောင်းကျန့်အပေါ်ဘယ်လိုရှိလိမ့်မလဲ ?

ဟိုတယ်အဝကနေထွက်လာသည့်ရှောင်းကျန့်ကို ရိပေါ်ကအပြုံးလေးနဲ့ကြိုသည်။ နံရံမှာမှီရပ်နေသည့်ရိပေါ်က လက်ထဲမှာလည်း အိတ်တစ်လုံးကိုဆွဲကိုင်ထားတယ်။ ရှောင်းကျန့်အနားရောက်လာတဲ့အခါ ရိပေါ်ကအရင်ဆုံး ရှောင်းကျန့်ရဲ့ လက်နှစ်ဖက်ကိုဆွဲယူသည်။

" အေးစက်နေတာပဲဗျာ "

ရိပေါ်ကလက်အိတ်ထဲမှာနွေးနေခဲ့ပြီဖြစ်သည့် သူ့လက်နှစ်ဖက်နဲ့ ရှောင်းကျန့်လက်နှစ်ဖက်ကိုနွေးအောင် ပွတ်သပ်ပေးတယ်။ လုံလုံလောက်လောက်နွေးလောက်ပြီဆိုမှ ယူလာတဲ့အိတ်ထဲကနေ လက်အိတ်နှစ်ဖက်ကိုထုတ်ပြီး ရှောင်းကျန့်လက်တွေဆီမှာဝတ်ပေးလာခဲ့သည်။ လက်အိတ် ... ပြီးနောက်မှာတော့ အနီရောင်မာဖလာလေး ။ လည်ပင်းတစ်ဝိုက်နွေးသွားသည်နှင့်အတူ ရှောင်းကျန့်ရဲ့အပြုံးတွေကလဲ မရပ်နိုင်တော့ဘူး။

ရိပေါ်က ဒီလိုအသေးစိတ်လေးတွေကအစ ရှောင်းကျန့်အပေါ်ဂရုစိုက်တယ်။ စကားလုံးတွေထက် အပြုအမူတွေနဲ့ပဲ သက်သေပြတာပါလို့ မပြောခဲ့ဘူးလားလေ။ ရှောင်းကျန့်နည်းတူ ရိပေါ်ကလည်း သိပ်ချစ်တာပါပဲ ။

အင်းပါလေ ။ စတွေ့ကတည်းက နှစ်ယောက်သားသဘောကျခြင်းတွေထပ်တူကျခဲ့လိုပဲ တွဲကြည့်ဖို့ဆုံးဖြတ်ခဲ့ကြတာပဲ။ ချစ်ခြင်းတွေကလဲ ထပ်တူကျနေမှာပဲမဟုတ်ပါလား။

𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]Where stories live. Discover now