Part 17📻

4.2K 246 7
                                    

<Unicode>

"ဘာတွေ အဲ့လောက်တောင် ကြည့်နေရတာလည်း ကလေးငယ်"

စိုင်း ညနေကထဲက အခု pajamas လဲနေတဲ့အထိ သူ့အား မျက်ခြေမပျက် လိုက်ကြည့်နေတဲ့ ကလေးငယ်ရဲ့ နဖူးလေးအား မနာအောင် တောက်ရင်း ကုတင်ပေါ်မှာ လှဲလိုက်တော့ ကလေးငယ်က အလိုတသိ စိုင်း ရင်ခွင်ထဲ တိုးဝင်လာလေသည်။

မေးသည့် မေးခွန်းကို မဖြေအားပဲ စိုင်းရင်ဘတ်ပေါ်မှာ မေးထောက်လျက်သား စိုင်းအား စိုက်ကြည့်နေပြန်တဲ့ ကလေးငယ်ကြောင့် သူပြုံးမိရင်း သေးသွယ်တဲ့ကိုယ်လုံးသေးသေးလေးကို ပိုတိုးဖက်လိုက်လေသည်။

ထိုနောက််မှာတော့ ပါးပြင်လေးကို ခပ်ဖွဖွညှစ်လျက်။

"ကိုယ့်ကို ကြည့်ရတာ ကြိုက်လို့လား"

သူ့စကားအဆုံးမှာ သွားစွယ်လေးတွေပေါ်အောင် ပြုံးပြလာရင်း ခေါင်းညိတ်တဲ့ အပြာရောင် pajamas ဝတ်ဆုံလေးနဲ့ ကလေးငယ်ရဲ့ အပြုံးဟာ ရင်အေးစရာပင်။

"ခေါင်းမညိတ်ပြနဲ့လေ၊ နှုတ်ခမ်းကပြောမှ ကိုယ်ကသိမှာပေါ့၊ ဒီတော့ဖြေပါဦး ကိုယ့်ကို အဲ့လိုကြည့်နေရတာ ကြိုက်လို့လား"

"ဟုတ် ကိုကို့ ကို အဲ့လိုကြည့်နေတာ အရမ်းကြိုက်တယ်"

"ဟားဟား ကိုယ့်ရဲ့ မင်းသားလေးက ပျော်စရာတစ်ခုခုရှိနေတာလား၊ မျက်နှာလေးက ပုံမှန်ထက် လန်းနေတယ်"

"အဟီး အဲ့လိုများလား"

သူ့ပါးလေးသူပြန်ကိုင်ရင်း စိုင်းအား မေးတဲ့ ကလေးငယ်ဟာ တစ်ကယ်အသည်းယားစဖွယ်ကောင်းလွန်းသည်။

ပျော်နေတဲ့ ကလေးငယ်ရဲ့ မျက်နှာနုနုထွေးထွေးကို ကြည့်ရင်း Daddyတို့ဆီက ခွင့်ပြုချက်ရသွားသည့်အကြောင်း စိုင်းပြောရန် စဥ်းစားမိသည်။

သို့သော် မိမိအား အသဲယားအောင် ပြုစားနိုင်တဲ့ ထိုကလေးဆိုးလေးအား စနောက်ချင်သေးတာမို့။

ခပ်တည်တည်မျက်နှာထားဖြင့်....

"ကိုယ် ကလေးငယ်ကို ပြောစရာရှိတယ်"

သူမျက်နှာတည်လိုက်တာနဲ့ လခြမ်းကွေးလေးလို ပြုံးရယ်နေတဲ့ သမင်မျက်ဝန်းလေး‌ေတွက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ပြုကာ စိုင်းအားငေးကြည့်လာလေသည်။

My Radio📻 (Complete )Where stories live. Discover now