<Unicode>
New Yorkမြို့ ညချမ်းရဲ့အအေးဓာတ်က စိုင်းအား ရှိရင်းစွဲ အေးသည်ထက် ပိုပြီးအေးသယောင်ပင်။
ဒဏ်ရာရတဲ့လူတွေကို သေချာဆေးရုံမှာစီစဥ်ပေးထားရတဲ့အပြင် အာမခံကိစ္စတွေ သေချာစီစစ်ပြီးနောက််မှာတော့ စိုင်း Hotelပြန်ရောက်ပြီး ကိုယ်လက်သန့်စင်ပြီးသည့်အချိန်ပဲ ည၁၀နာရီခွဲနေခဲ့လေပြီ။
New Yorkရဲ့ ညစံတော်ချိန်ကိုကြည့်ရင်း Yangonရဲ့ မြန်မာစံတော်ချိန်အရ အခုချိန် အိပ်ယာထပြင်ဆင်လောက််မည့် ကလေးငယ်အကြောင်းအားတွေးမိရင်း တစ်နေ့လုံးပြုံးရယ်ခြင်းမရှိခဲ့တဲ့ စိုင်းနှုတ်ခမ်းတွေက ပြုံးရယ်လာခဲ့သည်။
Yangonကနေ New Yorkအထိ နာရီ၂၀ကြာ စီးနင်းလာခဲ့ရတာကြောင့် ညောင်းညာနေသော်လည်း ကိုယ်အရေးထက် ပိုအရေးကြီးတာကို လုပ်ဆောင်ဖို့သာ စိတ်ဆောင်နေတာကြောင့် တစ်နေ့လုံး တွေ့သင့်သည့် လူကြီးတွေနဲ့တွေ့ရသည့်အပြင် ဒီတစ်နေ့တည်းနှင့်ပင် လူပေါင်းများစွာနဲ့ ပြောဆိုဆက်ခံခဲ့ရလေသည်။
ထိုသို့အလုပ်ကိစ္စ ဆောင်ရွက်နေသည့် အချိန်မှာကိုပင် ခါတိုင်းသူခရီးစဥ်တွေမှာ အရိပ်လေးသဖွယ် လိုက်ပါလာတက်တဲ့ ချစ်စရာကောင်းတဲ့ ကလေးငယ်ကိုသာ သတိရနေမိသည်။
အမှန်တော့ ကလေးငယ်ကို ဒီကိုမခေါ်ခဲ့တာကို စိုင်းပြန်တွေးတိုင်းနောင်တရမိသည်။
မတော်တဆဖြစ်တယ်ဆိုကထဲက စိုင်းခေါင်းထဲ အလုပ်ကိစ္စအပြင် ကလေးငယ်ကိုပါတစ်ပါးထဲ စဥ်းစားမိခြင်းကြောင့်ပင်။
အကယ်၍ ကေလးငယ်သာ သူ့နှင့်အတူ New Yorkကိုလိုက်ပါလာခဲ့လျှင် အန္တာရယ်များပြီး ဒီမီးလောင်ပျက်ဆီးနေတဲ့ အဆောက်အဦးထဲကို ကလေးငယ်ပါ သူ့နှင့်အတူလိုက်ပါလာရလိမ့်မယ်။
အဲ့အပြင် ရှုပ်ထွေးပွေလီလွန်းတဲ့ အလုပ်ကိစ္စတွေကြောင့် သူလည်းကလေးငယ်အား အချိန်ပေးနိုင်မည်လည်းမဟုတ်ပေ။
အဲ့အကြောင်းအရင်းတွေဟာလည်း အရေးကြီးသလို စိုင်း ကလေးငယ်အား မခေါ်ရတဲ့တစ်ကယ်အကြောင်းအရင်းဟာလည်း ရှိပေသေးသည်။
DU LIEST GERADE
My Radio📻 (Complete )
Romantikရေဒီယိုအစီအစဥ်တင်ဆက်သူလေးနဲ့ သူ့Bossတို့ကြားက အချစ်ဇာတ်လမ်းလေး #Dear My Babyရဲ့ Season 3 September-2-2021