Part 1📻

21.3K 621 12
                                    

<Unicode>
အသံလွှင့်ရုံတစ်ရုံထဲမှာ လိမ္မော်ရောင် hoodieဝတ်ဆုံလေးနှင့်အတူ နားကြပ်လေးတပ်ကာ အရှေ့ကမိုက်ထံ စကားတွေ ပြောနေတဲ့ ကောင်လေး...

လှပလွန်းတဲ့ သမင်မျက်ဝန်းလေးတွေက တစ်ခါတစ်လေ တပ်ထားတပ်တဲ့ မျက်ကပ်မှန်အပြာရောင်လေးနှင့် မျက်စိပဒေသာ ဖြစ်လောက်အောင် လိုက်ဖက်နေလေသည်

ဘယ်ဖက်နားလေးမှာ နားကပ်သေးသေးလေးတွေ တပ်ဆင်ထားတဲ့ လူငယ်ဆန်ကာ ချစ်ဖို့ကောင်းလွန်တဲ့ ထိုလူငယ်လေးဟာ ပန်းနုရောင် ဆံပင်လေးနဲ့အတူ အသံလွှင့်ရုံထဲက လူတိုင်းရဲ့ အမြင်ကိုဆွဲဆောင်နေလေသည်

ထိုပြင် တစ်ခါတစ်ခါ ရယ်မောလိုက်ရင် လူတိုင်းငေးခနဲ့ ဖြစ်သွားရလောက်တဲ့ သွွားစွယ်လေးတွေနဲ့အတူ အသံလွှင့်ရုံ တစ်ခုလုံးရဲ့ အချစ်တော်လေး အက္ခရာ....

လူကောင်သေးသေးလေးနဲ့ အက္ခရာဟာ အသက် ၂၁နှစ်ရှိပြီဖြစ်ပြီး အသံလွှင့်ရုံရဲ့ အချစ်တော်လေး အက္ခရာဟာ သူ့ကိုယ်သူ စကားပြောလျှင် ရာကလေ ဟု လူချစ်စဖွယ် သုံးနှုန်းတက်သလို၊ပရိတ်သတ်တွေကတော့ ခွေးပေါက်လေး ရာ ဟုအမည်ပေးထားကြပြီး ရုံးကလူတွေက ချစ်စနိုးနှင့် ခရာ ဟုခေါ်ဝေါ်ကြကာ တစ်ယောက်သော သူကတော့ ကိုယ့်ရဲ့ ကမ္ဘာငယ်လေးဟု မြတ်မြတ်နိုးနိုး ခေါ်ဝေါ်သုံးစွဲလေသည်...

"မတူညီတဲ့အချိန်ကာလတွေ၊မတူညီတဲ့ နေရာဒေသတွေမှာ၊ရာ တို့ လူသားတွေဟာ အသက်ရှင်နေထိုင်ကြတယ်..

အင်း ရာ ကြားဖူးတဲ့ ဗဟုသုတတစ်ခုကို ပြောရမယ်ဆို လူတွေက တစ်နေ့မှာ ဆုံးဖြတ်ချက် အခါ၅၀၀လောက် ချမှတ်ရပါတယ်တဲ့..

အင်း ငါဒီနေ့ဘာဝတ်ရမလည်း...၊ဒီအရောင်က ငါ့နဲ့လိုက်ဖက်ပါ့မလား၊ဒီနေ့ဆံပင်ကို ဘယ်လိုလုပ်သွားရင် ကောင်းမလည်း၊ငါဒီနေ့ ဘာစားရင် အဆင်ပြေမလည်း စတဲ့ ဆုံးဖြတ်ချက်တွေပေါ့..

ဒီတော့ ရာတို့ရဲ့ Secret love FM အစီအစဥ်ကို နားထောင်နေတဲ့ ပရိတ်သတ်ကြီးရော ဒီနေ့ဘယ်လို ဆုံးဖြတ်ချက်တွေကို ချပြီးသွားပြီလည်း...

အင်း ရာကို မေးရင်တော့ ဒီနေ့ PDကြီးကြောင့် ရာ မကြိုက်တဲ့ လိမ္မော်ရောင် hoodieကို ဝတ်ထားရပါတယ် မဝတ်ရင် ရာကို အချိန်ပိုဆင်းခိုင်းမယ်တဲ့လေ ဘာမှလည်း မဆိုင်ပဲနဲ့နော် အဟီး

My Radio📻 (Complete )Donde viven las historias. Descúbrelo ahora