Part 14📻

4.3K 269 4
                                    

<Unicode>

"ခရာရေ.."

"ဗျာ မသူ"

"CEO ရုံးခန်းကခေါ်နေတယ် ခရာရေ.."

အလုပ်လုပ်နေရင်း မသူမှ CEOရုံးခန်းမှ ခေါ်နေတယ်ဟုဆိုသော် စကားကြောင့် ရာ ကြောင်အသွားရလေသည်။

ခပ်လှမ်းလှမ်းကို လှမ်းကြည့်တော့လည်း ဟိုတစ်ခေါက်တုန်းက ခရီးသွားတုန်းက သိသွားတဲ့ ဌာနက လူတွေထဲမှ အမတစ်ချို့က ပြုံးစိစိနဲ့ ကြည့်နေတာမို့ ရာ ရှက်ရှက်နှင့် လက်ညှိုးနှင့် နဖူးတည့်တည့်ကို အနမ်းငယ် ကုတ်ခြစ်ရင်း CEO ရုံးခန်းရှိရာကို ဦးတည်လာခဲ့လေသည်။

"အက္ခရာ..."

ရာ အနောက််မှ မိမိအား ခေါ်သံကြားတာကြောင့် လှည့်ကြည့်မိတော့ အသစ်ရောက်လာတဲ့ PDပင်။

"အော်... PDကြီး.."

"အင်း ဒါနဲ့ အက္ခရာ ဘယ်သွားမလိုလည်း"

"အာ ကျွန်တော့်ကို CEO ရုံးခန်းက ခေါ်ထားလို့ဗျာ့ "

"အော် ကိုယ်က အက္ခရာ အဆင်ပြေရင် coffee တူတူသောက််မလားလို့ ဒါပေမဲ့ ကြည့်ရတာ အလုပ်များနေတယ်ထင်တယ်"

"ဟုတ် အားနာပေမဲ့ ကျွန်တော်က coffee သိပ်မသောက်‌ေလ့‌ေသာက်ထမရှိလို့ပါ ဒါဆိုခွင့်ပြုပါဦး PDကြီး"

"ကောင်းပါပြီ...."

------

~ဒေါက်...ဒေါက်...~

"CEO ခမ်ဗျာ့ ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ပါ.."

"အင်း အထဲကိုဝင်ခဲ့ပါ.."

ရာ ရုံးခန်းထဲ ဝင်လာတာနဲ့ ကိုကိုက အနားရောက်လာပြီး ရာအနောက်က တံခါးကို ဂျက်ချကာ ဆိုဖာရှိရာကို ဆွဲခေါ်လာလေသည်။

စိုင်း မိမိအား ဖြူစင်စွာငေးကြည့်နေတဲ့ မျက်လုံးဝိုင်းလေးတွေကြောင့် ကလေးငယ်အား ရင်ခွင်ထဲ တင်းကြပ်နေအောင် ဖက်တွယ်ထားမိသည်။

မျက်တောင် အဖျားစိပ်စိပ်လေးတွေက ကော့ညွန်နေပြီး သူရင်ခွင်ထဲကနေ ကြောင်အစွာ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စိုင်းအား မော့ကြည့်နေတဲ့ ကလေးငယ်ဟာ တစ်ခုခုကို တွေးနေပုံရသည်။

My Radio📻 (Complete )Donde viven las historias. Descúbrelo ahora