Part 10📻

5.4K 301 5
                                    

<Unicode>

"ကိုကို ရာ ပျင်းလာပြီရော..."

"အင်း ကိုယ့်ကမ္ဘာငယ်လေးက ဘာလုပ်ချင်လို့လည်း"

စိုင်း စာအုပ်သာ ဖတ်နေရတာ သူ့ရင်ခွင်ထဲက လှုပ်စိလှုပ်စိနဲ့ ပိုးလုံးလေးအား အသဲယားနေပြီဖြစ်သည်။

အရက်ခိုးသောက်တာကို ဆူပြီးတဲ့ နောက်ပိုင်း ရုံးမှာကလွဲရင် အိမ်ပြန်လာတာနဲ့  သူ့အနားမှာ တောက်တဲ့လေးလို ဘယ်သွားသွားကပ်နေတဲ့ ဒီအကောင်ပေါက်လေးကြောင့် အသဲယားလွန်း၍ ဖျစ်ညစ်ချင်လာပြီဖြစ်သည်။

အခုလည်း အောက််မှာ TVကြည့်ချင်ကြည့်လေဟု ပြောထားတာကိုပင် စာဖတ်နေတဲ့ သူရင်ခွင်ထဲ အတင်းခေါင်းတိုးဝင်ပြီး မိမိ စာဖတ်နေတာကို လိုက်နှောက်ယှက်နေတဲ့ ကလေးငယ်။

"ကိုကိုက ရာကို ပစ်ထားတယ်"

"ဟောဗျာ ကိုယ်က အဲ့လိုလုပ်မိလို့လား ကလေးငယ်"

"မဟုတ်လို့လား ရာကို ဘေးမှာထားပြီ အဲ့ပျင်းစရာကောင်းတဲ့ စာအုပ်ကြီးပဲဖတ်နေတယ်၊ပြီးတော့ အဲ့ထဲကစာတွေကလည်း အကုန် Englishလို ဘာသာပြန်ထားတာတွေကြီးပဲကို"

နောက်ဆုံးတော့ စိုင်း လက်ထဲက စာအုပ်ကို ဘေးက အံဆွဲပေါ် လှမ်းတင်ကာ ကုတင်ခေါင်းရင်းကို မှီရင်း အိပ်ယာပေါ်မှာ လှဲနေတဲ့ ကလေးငယ်အား ပွေ့ချီလိုက်ရတော့သည်။

သေးသွယ်တဲ့ ခန္တာကိုယ်က သိပ်အားထုတ်စရာ မလိုပဲနှင့်ကို စိုင်းပေါင်ပေါ်ရောက်လာကာ ရင်ဘတ်မှာ ဖားပျံလေးတစ်ကောင်လို နှုတ်ခမ်းလေးစူပြီး ကပ်တွယ်သွားလေသည်။

"ကဲ့...ကိုယ် အဲ့စာအုပ်မဖတ်တော့ဘူး၊ ဒီတော့ ပြောပါဦး ကိုယ့်မင်းသားလေး ပျင်းနေပြီဆိုတော့ ဘာလုပ်ချင်ပါသလဲဗျာ့.."

"အွန်း ကိုကိုနဲ့ အေးအေးဆေးဆေး Dateလုပ်ချင်တယ်"

"ကလေးငယ်က အပြင်သွားချင်လို့လား"

"ဟုတ် ကိုကိုနဲ့ သွားချင်တာ ရာတို့အဲ့လို လျှောက််မသွားဖြစ်တာ ကြာပြီလေ"

"ကောင်းပြီလေ၊ကိုယ်က ကလေးငယ် သဘောပါပဲ"

နှစ်ယောက်ထဲ ကားတစ်စီးနှင့် ကလေးငယ်အလိုကျ ရုပ်ရှင်ကြည့်ချင်တယ်ဟုဆိုသော် စကားကြောင့် ရုပ်ရှင်ရုံရှိရာကို ရောက်လာရတယ်။

My Radio📻 (Complete )Onde histórias criam vida. Descubra agora