Part 21📻

3.8K 243 5
                                    

<Unicode>

ဒီလိုနဲပဲ အချိန်ကာလဟာ ၂ပတ်ဆိုတဲ့ အနေအထားမှာတော့ ရာ မျက်နှာမကောင်းတော့ပေ။

ညတိုင်း ကိုကိုနဲ့ Video Call ပြောဖြစ်တယ်ဆိုပေမဲ့ အခုထိ ပြန်လာမည့်အကြောင်း ကိုကိုက တစ်ခွန်းမှ မဟသေးတော့ ရာလည်း အလိုက်တသိ နေပေးရသည်။

အဲ့ပြင် တစ်ခါတစ်လေ အလုပ်များလွန်းသည့် ကိုကိုက အလုပ်ကလူတွေ လာခေါ်ရင် video callပြောနေရင်း ထသွားရတာမျိုးဆို ရာတစ်ယောက်ထဲ လိုင်းပေါ်မှ ကျန်နေခဲ့ရလေသည်။

မဆိုးသင့်ဘူးဆိုတာသိသော်ငြား တစ်ခါတစ်လေကျတော့ အတ္တကြီးစွာ ကိုကိုအား ရာနဲ့phပြောနေရင် ဘယ်သူကိုမှ အဖတ်မလုပ်နှင့်ဟု ပြောချင်ပါသော်လည်း ကျန်တစ်ဖက်က စဥ်းစားကြည့်မိတော့ ရာ ထိုသို့လုပ်ခဲ့ရင် ကိုကို့အား အခက်တွေ့မည်ကို စိုးရိမ်မိပြန်သည်။

ဒါ့ကြောင့် ဘယ်လောက်ပဲ ကိုကိုအား လွမ်းနေပါစေ စိတ်ဓာတ်ကျနေပါစေ ကိုကိုနှင့် video callပြောနေချိန်မှာတော့ ရာ အမြဲတမ်းပြုံးရွင်‌ေနသည့် ပုံစံနှင့်သာ။

သို့သော် ရာဘက်က ဘယ်တော့မှ ကိုကိုအား ပြန်လာပါဟု ပူဆာမည်မဟုတ်ပေ။

ဒီတိုင်း ကိုကို့ ကိုဖိအားမပေးပဲ ကိုကိုအလုပ်ပြီးတဲ့အချိန်ကို စောင့်မယ် အဲ့လိုပဲ ရာကိုယ်တိုင်လည်း ကိုကို့ကို လွမ်းတဲ့အချိန်တွေမှာ အလုပ်ကို ပိုကြိုးစားမယ်။

ထိုသို့ စိတ်ကူးတွေနှင့် ရာနှင့် PDကြီးတို့ ရုံးခန်းကနေ အစည်းအဝေး လုပ်ပြီးပြန်လာချိန်မှာ ဇာတ်ညွန်းရေးဆရာမဖြစ်တဲ့ မမို့နှင့် hostအသစ်တို့၏ အကြီးအကျယ် စကားများသည်ဖြစ်ရပ်ကို မြင်တွေ့လိုက်ရလေသည်။

"နင်လို့ ပေါ့ပေါ့တန်တန်နေတက်တဲ့လူက ငါ့အပင်ပန်းခံပြီးရေးထားတဲ့ ဇာတ်ညွှန်းနဲ့လုံးဝမထိုက်တန်ဘူး!!"

"အဟက် ခမ်ဗျားဇာတ်ညွန်းကရော အရမ်းတွေကောင်းနေလို့လား ဘာတွေရေးမှန်းလည်းမသိဘူး ခမ်ဗျားကြောင့် ကျုပ်ပရိတ်သတ်တွေစီက အပြစ်တင်ခံရတာလေ"

"ဘယ်ကနင့်ပရိတ်သတ်လည်း အဲ့တာအရင်ကထဲက ခရာနဲ့ငါတို့အဖွဲတွေ အကုန်ကြိုးစားလို့ဖြစ်တည်လာတဲ့ ရလဒ်တွေ အဲ့တာလို့ နင်လိုအချိန်ကိုမလေးစားပဲ အစီအစဥ်ကို လုပ်ချင်တာလုပ်နေတဲ့ လူပေါ်ကြော့လို့ အကောင်ရဲ့ ပရိတ်သတ်တွေမဟုတ်ဘူး ၊နင်လို အကောင်နဲ့ အလုပ်တွဲလုပ်ရမဲ့အစား ငါကို လေးစားတက်တဲ့ အက္ခရာနဲ့ အလုပ်တွဲလုပ်ရတာမှ ဂုဏ်ယူသေးတယ်"

My Radio📻 (Complete )Tahanan ng mga kuwento. Tumuklas ngayon