Part 26📻

3.9K 236 3
                                    

<Unicode>

"အကိုလေး ဧည့်သည်တွေအတွက် အအေးနဲ့မုန့်တွေရပြီ..."

ရာ မအိတုံထံမှ အသံကြားတာနဲ့ ထမင်းစားခန်းထဲကနေ ဧည့်ခန်းရှိရာကို လှမ်းကြည့်နေရာမှာ အနောက်ကို လှည့်ကြည့်လိုက်လေသည်။

"အာ ဟုတ် ရာ့ကိုပေး.."

မအိတုံကမ်းပေးတဲ့ ဗန်းကိုယူရင်း....

"ဒါနဲ့ အကိုလေး ဧည့်သည်တွေထဲက တစ်ယောက်က Bossနဲ့သိတယ်ထင်တယ်နော်..."

"အင်း ရာအထင်တော့ ဟုတ်လိမ့်မယ်။ပြီးတော့ အဲ့လူတွေက ဘေးအိမ်ကိုပြောင်းလာတာမကြာသေးဘူးတဲ့.."

"အယ် ဟိုဘက်ကအိမ်လွတ်ကြီးကိုလား ပြောင်းလာတဲ့လူတွေလား အကိုလေး"

"ဟုတ်တယ်..."

"ဒါနဲ့လေ ဟိုဧည့်သည်နှစ်ယောက်ကိုကြည့်ရတာ အဟီး အကိုလေးနဲ့Bossတို့လို ဆက်ဆံရေးလားမသိဘူးနော် ဟိုဘက်ကအကိုက Bossနဲ့စကားပြောနေတာတောင် ဘေးကိုခဏခဏလှည့်လှည့်ကြည့်နေတယ်.."

တစ်ကယ်ပင် ရာလှမ်းကြည့်တော့ မအိတုံပြောသလို ဟိုလူကြီးက တံခွန်ကိုခဏခဏ လှည့်လှည့်ကြည့်နေသည်ကို တွေ့နေရသည်။

"ကျွန်တော်လည်း သေချာမသိပါဘူး မအိတုံရယ် ဒါနဲ့ ကျွန်တော် အရှေ့ကို သွားလိုက်ဦးမယ် မုန့်တွေလည်းရနေပြီဆိုတော့လေ..."

"ဟုတ်ကဲ့ အကိုလေး..."

လုပ်ငန်းကိစ္စအကြောင်းပြောရင်း စကားလက်ဆုံကျနေတဲ့ ကိုကိုတို့ကြောင့် ရာ အလိုက်တသိ တိတ်ဆိတ်စွာနဲ့ပဲ ဗုန့်နဲ့ အအေးခွက်လေးတွေကို ချပေးလိုက်ရသည်။

ပြီးနောက််မှာတော့ တံခွန်ဘက်လှည့်ကာ စကားပြောရန်သာ စဥ်းစားလိုက်ရတော့သည်။

အစက တံခွန်က ရာနဲ့ကိုကို့အကြောင်း သိချင်စိတ်ဖြင့်မေးနေသည်ကို ပြန်လည်ဖြေဆိုနေရင်းကနေ နောက်တော့ နှစ်ယောက်သား gameဘက်ကို စကားရောက်သွားကြလေသည်။

"အေး ဒါပေမဲ့ ငါကmage heroကိုင်ရတာပိုကြိုက်တယ်.."

"အင်း ငါကတော့ heroကျွမ်းအောင် အကုန်တော့လိုက်ကိုင်ကြည့်တာပဲကွာ...."

My Radio📻 (Complete )Место, где живут истории. Откройте их для себя