Part 8📻

5.3K 314 6
                                    

<Unicode>

📻

"လောကကြီးမှာ အချစ်နဲ့အမုန်းဆိုတာ ဒွန်တွဲနေကြတယ်

လူတွေက ချစ်တဲ့လူကိုဆို အချိန်တိုင်းလွမ်းဆွတ်သတိရနေကြတယ်ဆိုရင်၊

မုန်းတဲ့လူကိုဆို တွေးမိတိုင်း စိတ်ထဲမှာ တနုတ်နုတ်နဲ့ ပိုပြီးသတိရကြတယ်ဆိုတဲ့ အဲ့အယူအဆကို တစ်ချို့လူတွေက သိပ်လက််မခံချင်ကြဘူး

အဲ့လိုလူတွေကို မေးရင် သူတိုမှာ အ‌ဖြေတစ်ခုပဲရှိပါတယ် ဒါကတော့ "သူတို့ကို စိတ်တိုအောင်လုပ်တဲ့သူ့ကို သူတို့ကဘာလို့သတိရ ရမှာလဲတဲ့"

ရာ အဲ့စကားကိုကြားတဲ့အခါ ကမ္ဘာကျော် ကဗျာဆရာကြီးလည်း ဖြစ်သလို English ဘာသာစကားရဲ့ အကြီးမြတ်ဆုံး
ွစာရေးဆရာကြီးဖြစ်တဲ့ William Shakespeare ပြောခဲ့တဲ့ ကိုးကားချက်လေးတစ်ခုကို သွားသတိရမိတယ်

အဲ့ကိုးကားချက်လေးပြောထားတာက...

Love me or Hate me,
both are in my favour,
If you love me,
I'll always be in yours heart,
If you hate me,
I'll always be in yours mindတဲ့

quote#Crd

ပြောချင်တဲ့ အဓိပ္ပာယ်လေးကတော့....

" မင်းငါ့ကိုချစ‌်သည်ဖြစ်စေ၊ ငါ့ကိုမုန်းသည်ဖြစ်စေ၊ နှစ်ခုလုံးကငါ့အတွက်ကောင်းပါတယ်တဲ့၊ အကယ်၍ငါ့ကိုချစ်ရင်မင်းရဲ့နှလုံးသားထဲမှာငါအမြဲရှိနေမယ်၊ ငါ့ကိုမုန်းရင်‌ေတာ့ငါကမင်းရဲ့စိတ်ထဲမှာအမြဲရှိနေမယ်တဲ့"

ဒါကြောင့်လည်း တစ်ချို့က အမုန်းသံယောဇဥ်ကနေ အချစ်အဖြစ် ပြောင်းလဲသွားတာပဲ ဖြစ်ပါလိမ့်မယ်။

ဒါ့ကြောင့် ဒီကနေ့ ရာရဲ့ Secret loveပရိတ်သတ်ကြီးကို ပြောချင်တာကတော့ အချစ်က ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပေါက်ဖွားလွယ်တယ်

လူတစ်ယောက်ကို မုန်းနေရာကနေပဲဖြစ်ဖြစ်၊သနားစိတ်ကပဲဖြစ်ဖြစ် ကိုယ်ကအဲ့လူကို ချစ်မိသွားနိုင်ပါတယ်လို့ ပြောကြားရင်းနဲ့ပဲ Winner အဖွဲက သီဆိုထားတဲ့ Ah Yeah သီချင်းလေးကို ဖွင့်ပြရင်း နှုတ်ဆက်လိုက်ပါတယ် သာယာပျော်ရွင်ဖွယ် နေ့ရက်လေး ဖြစ်ပါစေ"

My Radio📻 (Complete )Où les histoires vivent. Découvrez maintenant