Part 9📻

5K 301 4
                                    

<Unicode>

မှောင်မဲနေတဲ့ အခန်းထောင့်လေးမှာ ကွေးကွေးလေး နေနေတဲ့ ကလေးတစ်ယောက်။

အေးစက်နေတဲ့ ကြမ်းခင်းနဲ့ ခိုက်ခိုက်တုန်အောင် ချမ်းတက်နေတဲ့ ၈နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ခေါ်သံကို ဘယ်သူမှမကြားခဲ့ကြဘူး။

မှောင်မဲနေတဲ့ စတိုခန်းထောင့်မှာ မျက်ရည်တွေအပြည့်နဲ့ တစ်ချက်တစ်ချက် ခြေထောက်ရှေ့မှ ဖြတ်ပြေးသွားတက်တဲ့ ကြွက်ကြီးတွေကြောင့် ကြောက်လန့်တကြားဖြစ်နေတဲ့ ထိုကောင်လေးကို ကြည့်ရင်း ရာ မျက်ရည်တွေ ဝဲလာရသည်။

သူဒီအကြောင်းအရာတွေကို မေ့ထားခဲ့တာ ကြာပြီ။

သူ ဘယ်တော့မှ သတိမရချင်တဲ့ နေရက်တွေ။

မိန်းမဆန်တဲ့ မျက်နှာအချိုးအစားနှင့် ရွယ်တူ ကလေးတွေထက် ညှက်တဲ့ မိမိ ခန္တာကိုယ်ကြောင့် ဂေဟာက ကလေးတွေရဲ့ အခြောက်လို အမြဲတမ်းစခံရတဲ့ အပြင် တစ်ဦထဲသော် သူငယ်ချင်းကလည်း ထိုလူတွေနဲ့ ပေါင်းပြီး သူ့ကို စတိုခန်းထဲမှာ သော့ပိတ်ထားခဲ့တယ်။

သူ ဒီလိုအခြေအနေကို ပြန်မသွားချင်ဘူး ပြီးတော့ သူ အမှောင်မကြိုက်ဘူး။

" ကယ်ပါဦး၊ ရာကို ကယ်ကြပါဦး အဟင့် ၊ကိုကို.....ကိုကို ဘယ်မှာလဲ၊ ရာ ကြောက်တယ် အီးး ကိုကို ရာကို လာခေါ်ပါ...ကိုကို!!"

ရာ အခန်းထောင့်လေးမှာ ထိုင်ချရင်း ငိုနေမိချိန် အခန်းတံခါးဖွင့်လာပြီး သူ့ကို ဝိုင်းရီနေကြတဲ့ လူတွေကြောင့် ခေါင်းထဲမှာ စကားသံတွေ စုပြုံနေတဲ့အချိန် ရုတ်တရတ် အခန်းထဲ ပြေးဝင်လာတဲ့ ခွေးကြီးကြောင့် သူ ကြောက်လန့်တကြား အော်ခေါ်ကြပေမဲ့ ဘယ်သူမှ ဂရုမစိုက်ကြတဲ့ အချိန် ထိုခွေးက ရာ အား ခုန်အုပ်ကာ လက်ကို ကိုက်ချလိုက်တာမို့ ရာ အလန့်တကြားရုန်းကာ မျက်လုံးတွေကို ဖွင့်ကြည့်လိုက််မိလေသည်။

"အားးး..အီးဟီး.."

စိုင်း အခုထိ အိပ်မောကျနေပုံရတဲ့ ဝက်ပေါက်လေးကို ကြည့်ရင်း ညက ဒီကလေး မူးပြီးရစ်တာကို ပြန်စဥ်းစားမိတိုင်း ရယ်ချင်မိလေသည်။

My Radio📻 (Complete )Donde viven las historias. Descúbrelo ahora