Part 24📻

3.9K 229 13
                                    

<Unicode>

📻

"Friend Zone ၊ ဟုတ်တာပေါ့ Friend Zoneဆိုတဲ့ စကားကိုကျွန်တော်တို့ကြားတာနဲ့ မျက်စိထဲပြေးမြင်ကြတာက သူငယ်ချင်းနှစ်ယောက်ရဲ့ ဆက်ဆံရေးပေါ့။

အဲ့လိုFriend Zoneထဲမှာမှ ဆက်ဆံရေးအမျိုးမျိုးရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးက သိကြပါတယ်။

တစ်ချို့လူတွေက အချင်းချင်း ချစ်မှန်းသိကြပေမဲ့ သူငယ်ချင်းဆိုတဲ့ နေရာအပိုင်းအခြားလေးကို ကျော်ဖြတ်ဖို့ကြောက်ကြတယ်။

ဘာလို့လည်ဆိုတော့ လူတွေရဲ့စိတ်ထဲမှာ ချစ်ကြတယ် ချစ်ပြီးရင် မုန်းကြတယ် ဒါပေမဲ့ သူစိမ်းကိုချစ်တာက အချင်းချင်းအဆင်မပြေလို့ လမ်းခွဲခဲ့ကြသည့်ရှိသော် တစ်ယောက်နဲ့တစ်ယောက် မတွေ့ပဲနေလိုက်ရင် ဖြစ်ပေမဲ့ သူငယ်ချင်းကနေ ချစ်သူဖြစ်ပြီး လမ်းခွဲရမယ်ဆိုရင် လူတွေက လမ်းခွဲပြီးတာနဲ့ ကိုယ်နဲ့ကောင်းတူဆိုးဘက် သူငယ်ချင်းတစ်ယောက်ကို့ ဆုံးရှုံးသွားရမှာကြောက်ကြတယ်။ဒါ့ကြောင့်ပဲ ထိုလူတွေက ဘယ်လောက်ပဲ ချစ်နေကြပါစေ သူငယ်ချင်းဆိုတဲ့စည်းကနေ မကျော်ဖြတ်ကြတော့ဘူးလေ။

အင်း တစ်ချို့ကြတော့လည်း ကိုယ်ကချစ်ပေမဲ့ သူကမချစ်တဲ့အခါ ဖွင့်ပြောပြီးမှ သူငယ်ချင်းနှစ်ယောက် နေရခက်သွားတဲ့ အခြေအနေမျိုးကို ရင်ဆိုင်ရမှာကြောက်လို့ မဖွင့်ပြောပဲနေကြတာတွေရှိတယ်။

ဒါ့ကြောင့် ဒီကနေ့ ရာရဲ့ Secret loveပရိတ်သတ်ကြီးကို ပြောချင်တာကတော့ တစ်ခါတလေမှာ ကျွန်တော်တို့တွေဟာ ပွင့်လင်းဖို့လိုအပ်ပါတယ်၊မဖြစ်လာနိုင်သေးတဲ့ အနာဂတ်ကိုကြိုတင်စိုးရိမ်ပူပန်နေမဲ့အစား လက်ရှိကိုယ်ဆုပ်ကိုင်နိုင်တဲ့ ပစ္စုပ္ပန်မှာ ဘာကိုမှစိုးရိမ်ကြောင်ကြမှု့မရှိပဲ ချစ်ရင်ချစ်ကြောင်း ပွင့်လင်းစွာ ဖွင်ဟဝန်ခံကြပါလို့ ပြောရင်းတဲ့ပဲ OH My GIRLအဖွဲသီဆိုထားတဲ့ Nonstop ဆိုတဲ့ သီချင်းလေးကို ဖွင့်ပြရင်းနဲ့ Secret loveပရိတ်သတ်ကြီးကို နှုတ်ဆက်လိုက်ပါတယ် အားလုံးပဲ သာယာပျော်ရွင်ဖွယ် နေ့ရက်လေးကို ပိုင်ဆိုင်ကြပါစေဗျာ"

My Radio📻 (Complete )Where stories live. Discover now