Part 5📻

5.8K 334 5
                                    

<Unicode>

Flashback. ......

Aprilလ,2ရက်,2019ခုနှစ်.......

"ခရာရေ ဒီနေ့ အမတို့ Companyမှာ CEOအသစ်‌ေရာက်လာမယ်တဲ့သိလား"

"CEO အသစ်လား မသူ၊ဒါပေမဲ့ ဒီEntertainmentက ဥက္ကဋ္ဌလက်အောက်က မဟုတ်ဘူးလားဟင်"

"အစကတော့ ဥက္ကဋ္ဌလက်အောက်ကပဲ ဒါပေမဲ့ အခု CEOက လက်လွဲယူလိုက်တာလေ...အေးပေါ့ ညီအကိုတွေဆိုတော့လည်း စကားလေးပြောလိုက်ယုံနဲ့ အဆင်ပြေသွားတာပေါ့"

"ညီအကိုတွေ.."

"အင်းလေ အခုရောက်လာမဲ့ CEOက ဥက္ကဋ္ဌကြီးရဲ့ ညီလေ..."

"အော်.."

"မအံြသဘူးလား ခရာ.."

"ဟင့်အင်း အံြသလည်း သူဘဝနဲ့သူ ရာကလည်း ရာဘဝနဲ့ရာလေ မသူရဲ့ ပြီးတော့ သူ့ဘာသာ ဥက္ကဋ္ဌညီဖြစ်လည်း ရာက ဥက္ကဋ္ဌညီဖြစ်တာမှ မဟုတ်တာကို ရာအတွက် အရေးကြီးတာက အလုပ်သာ ကောင်းကောင်းလုပ်ရရင် ကျေနပ်ပါပြီ"

"ဟားဟားး ခရာပြောမှပဲ အမလည်း အလုပ်လုပ်ရဦးမယ် ကဲ့ဒါဆို အမတို့ မောင်နှမတွေ ကိုယ့်အလုပ်ကိုယ် လုပ်ကြတာပေါ့ ခရာရေ.."

"ဟုတ်ကဲ့.."

တစ်ကယ်လည်း ရာ ဒီအလုပ်လေးသာ မပြုတ်ပဲ ကောင်းကောင်းလုပ်ရရင် တစ်ကယ်ကျေနပ်ပါတယ်

လောလောလတ်လတ်မှ ဘွဲရထားပြီး computer နဲ့အခြား အခြေခံနည်းနည်း သိထားတာလေးနဲ့  ရာ ဒီလို ကောင်းတဲ့ companyမှာ အလုပ်လုပ်ခွင့်ရထားတာ ရာအတွက်တော့ တစ်ကယ်ကို  ထီပေါက်သလိုပင်...

ဘွဲရပြီးပြီးချင်း ရာ အလုပ်လိုနေချိန် Entertainmentမှ ဝန်ထမ်းခေါ်တယ်ဆိုတဲ့ ကြေညာချက်ကြောင့်‌ေရာ radio hostဖြစ်ချင်တဲ့ စိတ်ဆန္ဒကြောင့်ရော  online ပေါ်ကနေ ဖောင်တင်ခဲ့ရာမှ အစမ်းခန့် ဝန်ထမ်းဘဝကနေ အပင်ပန်းခံပြီး အခုမှ တရားဝင် ဝန်ထမ်းဖြစ်တာ ၃လလောက်သာ ရှိပါသေးသည်...

ရာ အသက်ပြည့်ကထဲက မိဘမဲ့ဂေဟာကထွက်လာခဲ့ပြီး တစ်ယောက်ထဲ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာဖြစ်သည်

ရတဲ့ လစာက ရာအိမ်လခအတွက်နဲ့ အသုံးစရိတ် သုံးပြီးတာတောင် အနည်းငယ် ကျန်သေးတာကြောင့် ရာအတွက်တော့ တစ်ကယ့်ကို အဆင်ပြေပါသည်...

My Radio📻 (Complete )Dove le storie prendono vita. Scoprilo ora