Extra (unicode)

406 44 2
                                    

အဝေးငှက်ငယ် အတောင်ညောင်းရင်

ဒီအကိုင်းလေးမှာ နားခိုလှည့်ပေါ့

နေပူမိုးရွာ ဒီနေရာလေးမှာပဲ...

ဒီနေ့လေးက သူ့မွေးနေ့ပေါ့။ဘယ်အရပ်ဆီမျက်နှာမူလို့ သတိရခြင်းတွေကို တီးတိုးရပါ့မလဲ။အမေးသာရှိပြီး ဖြေသူမဲ့တဲ့မေးခွန်းတွေနဲ့ ရာသီတွေအလီလီပြောင်းလို့ သူချန်ခဲ့တဲ့နေ့လေးကို ပြန်ရောက်လာပြန်ပြီ။

သတိရလိုက်တာ ဇီရယ်

လုပ်နေကျအတိုင်း သူ့မွေးနေ့မနက်လေးမှာ ဘုရားဆွမ်းကပ်ရင်းနဲ့ ရောက်နေတဲ့အရပ်ဒေသမှာ နေထိုင်ကောင်းပြီး အဆင်ပြေအောင်ဆုတောင်းနေမိတယ်။

"မွေးနေ့မှ ဘုရားသွားရအောင် အိမ်ကဘုရားလည်း ဘုရားပဲလေ တကယ်တော့ စိတ်ထဲမှာ ရှိနေဖို့ပဲလိုတာ" တဲ့။

ရင်ဘတ်လေးကိုဖိပြီး မျက်လုံးလေးမှိတ်ရင်း ပြောဖူးတဲ့သူ့စကားသံတွေကို ပြန်ကြားယောင်မိတော့ ပြုံးရင်းနဲ့ မျက်ရည်ဝဲလာပြန်တယ်။ဇီဆိုတာ တကယ်ကို စကားပြောအထာမကျသလို ထူးထူးဆန်းဆန်းတွေးတတ်တဲ့ သူမျိုးကိုး။

သူအကျင့်လုပ်ထားလို့ မနက်တိုင်း အစာလာတောင်းနေကျ ငှက်လေးတွေကို အစာကျွေးရင်းနဲ့ အဝေးမှာပျော်နေတဲ့သူကို ဒီနေ့မှ ပိုသတိရနေကြောင်း ရင်ဖွင့်နေမိတယ်။မသိနိုင်ဘူးလေ တစ်ဆင့်စကား တစ်ဆင့်ကြားပြီးတော့ သူ့နေထိုင်ရာအရပ်ဆီရောက်နိုင်မလားလို့ပေါ့။

အဲဒီ့နေရာမှာ နေသာရဲ့လား ဇီ...

အအေးကြောက်တတ်တဲ့သူက အေးလွန်းတဲ့ဒေသတစ်ခုမှာ ရောက်နေတယ်ဆိုတာကလွဲရင် ဒီနှစ်နှစ်အတွင်း ဘာသတင်းမှ မကြားခဲ့ဘူး။ ခြေထောက်မှာဗွေပါတယ်လို့ မေမေတို့စနောက်တဲ့အထိ အပြင်ထွက်ရတာကြိုက်တဲ့ ကိုယ်က သူမရှိတဲ့နောက်မှာ အိမ်မှာခွေနေတတ်တဲ့ ကြောင်လေး ဖြစ်သွားတယ်လို့များကြားရင် သူရယ်နေမလား။

ဒီနေရာလေးက သူရှိနေခဲ့တဲ့တချိန်တုန်းကလိုပဲ ဘာမှမပြောင်းလဲဘူးဆိုတာကို သိစေချင်မိတယ်။ သတိရတိုင်း ဓာတ်ပုံလေးတွေကြည့်ပေမယ့်လို့ အမှတ်တရတွေဟာ မျက်လုံးတွေကို စွတ်စိုစေတာတော့ အမှန်ပဲ။

FikaWhere stories live. Discover now