Part 2 (unicode)

724 80 2
                                    

ကိုယ့်အသက် 14နှစ် 10လနဲ့ 21 ရက်

ထိုလူသားလေးအသက် 14နှစ် 7 လနဲ့ 9 ရက်

ကိုယ်တို့တွေ့ဆုံမှုက ဇာတ်လမ်းတွေထဲကလို ရိုးရိုးလေးပါပဲ အိမ်ချင်းသိကြတဲ့ မိသားစုလေးနှစ်စုပေါ့။

နယ်မြို့လေးမှာ အခြေချဖြစ်တဲ့ မားမားတို့နဲ့ မြို့လေးမှာတာဝန်ကျတဲ့ အန်တီမေတို့ဟာ အိမ်နီးချင်းတွေ ဖြစ်ပြီး ငယ်ပေါင်းတွေလို
သံယောဇဥ်တွေတိုးလို့ပေါ့။အဲဒီတော့ မွေးလာတဲ့ကိုယ်တို့လည်း ပြောစရာမလိုတော့တဲ့ ဆက်ဆံ‌ရေးမျိုးပေါ့။အိမ်မှာအကြီးဆုံးဖြစ်တဲ့ကိုယ်နဲ့ အငယ်ဆုံးဖြစ်တဲ့သူနဲ့က မတည့်အတူနေ မမြင်ချောင်းကြည့်တွေပဲ။

"အန်တီမေရေ ကျောင်းသွားတော့မယ်
ဟိုတစ်‌ယောက်ပြီးပြီလား "

ခြံစည်းရိုးဘေးက စိန်ပန်းပင်နားမှာ စက်ဘီး ‌ဒေါက်ထောက်ရင်း အော်မေးလိုက်တယ်။

"ဟဲ့ ဇီ လူက အရင်မလာဘူး အသံက အရင်လာတယ် ငါ့ကိုဆို ပြောမယ်ဆိုတာချည်းပဲ"

မုန့်ဟင်းခါးသိပ်ကြိုက်တဲ့သူဟာ ထုံးစံအတိုင်း မုန့်ဟင်းခါးပန်းကန်ကို လက်စသတ်ရင်း အော်ပြောတယ်။

ခပ်အေးအေးနေတတ်တဲ့အိမ်လေးဟာ စာကလေးနှစ်ကောင်ကြောင့် မနက်ဆို ဆူညံလို့။လူကြီးတွေလည်း မနိုင်တော့ ဘာမှမပြောတော့တာပဲ ကြည့်လေ။

" သွားမယ် အစားကိုဇိမ်ဆွဲစားနေ ဒီနေ့ ဓာတု အချိန်ပိုခေါ်ထားတာကို မေ့နေပြန်တာလား"

"အာ ဟုတ်သား မေရေ သွားပြီ ပန်းကန်မဆေးသွားတော့ဘူး တာ့တာ"

လွယ်အိတ်ကိုလွယ်ရင်း လှေကားမှာထောင် ထားတဲ့ စက်ဘီးလေးကို ဆွဲလို့ ကိုယ့်အနောက်လိုက်လာတယ်။

အနီရောင်ကြိုက်တဲ့ လူသားလေးဟာ သူ့ပစ္စည်းတွေဆို အနီရောင်တွေချည်း ဝယ်တတ် တာ။ ကျောင်းအသင်း ကအစ အလောင်းဘုရားအသင်းမှာ။

"ငါလည်း ဝင်ခေါ်ရသေးတယ် ငါ့ကိုလည်း
မစောင့်ဘူး"

"နင်ကကြာနေတာကို ကျောင်းနောက်ကျနေပြီ မြန်မြန်နင်း"

ငပြူးက ပြဲတယ်ဆိုတာ ကြားဖူးတယ်မလား အဲဒါ သူမှ အစစ်။ဝင်ခေါ်တဲ့သူကို အားနာပါးနာနဲ့ စောင့်မယ်မရှိဘူး။စက်ဘီးပေါ်ရောက်ရင် ပျံလွှားဌက်လိုပဲ။ ကိုယ့်မှာ စိတ်ပူလို့ တစ်ဘက်လှည့်ပြီး စောင့်ခိုင်းပေမယ့် သူကတလှည့် ပြန်ဟောက်သွားသေး တာ။

FikaWhere stories live. Discover now