အဆင်ပြေပါ့မလား ဆိုတဲ့ ထင်ကြေးတွေနဲ့ စောင့်ကြည့်နေကြတဲ့ နိုင်ငံတွေကြားမှာ အမိမြေဟာ တစ်လ ဆိုတဲ့ အချိန်အတွင်းမှာ ပိတောက်တွေပန်လို့ လှပနေမြဲ။ တွဲလက်တွေညီခဲ့လို့ အလှုအတန်းတွေမှာပါ တစ်ပြေးနေခဲ့တဲ့ ရွှေဝါမြေဟာ မုန်တိုင်းကြားမှာ အထိခိုက်နည်းနည်းနဲ့ ခေါင်းမော့ရပ်တည်နိုင်ခဲ့တယ်။
"ဇီ quarantine ၁၄ ရက်ဝင်ရမယ်
အခု ဆေးသွားစစ်တော့"တစ်လဆိုတဲ့အချိန်အတွင်း ဖြစ်ခဲ့တဲ့အရာရာဟာ ကိုယ့်သမိုင်းမှာတော့ ဘယ်တော့မှ မရှိနိုင်တော့ မယ့်အမှတ်တရတွေပါပဲ။ ဆေးစစ်ပြီးပြန်လာတော့ ward ထဲက လူတွေရဲ့ သြဘာပေး ဂုဏ်ပြုခြင်း ကိုခံယူရတဲ့အခါမှာတော့ ကိုယ်တို့အကုန် ဝမ်းသာမျက်ရည်ဝဲရပြန်တယ်။
"တာဝန်ကျေခဲ့ပြီ ငါ့တပည့်လေးတွေ"
ပခုံးကိုကိုင်လိုက်တဲ့ ဆရာရဲ့မျက်နှာမှာတော့ ဂုဏ်ယူနေတဲ့အပြုံးတွေနဲ့ ဝေဆာလို့။
"၁၄ရက်ကို အားရှိအောင်နား
သက်ဆိုင်ရာလေးကိုလည်း သွားမတွေ့နေနဲ့ဦးSocial Distancing နော် မေ့နေမယ်"ဂျီတိုက်တတ်တဲ့သူ နဲ့ လိုက်လျောတတ်တဲ့ကိုယ့်အကြောင်း နောကျေနေတဲ့ အစောကတော့ သတိပေး ရှာတယ်။ "အစောရေ" ဆိုပြီး ကိုယ့်အကြောင်းတွေလှမ်းလှမ်းထောက်လှမ်းတတ်တဲ့ သူ့ကြောင့် သူငယ်ချင်းတွေကြားမှာ စချင်စရာဖြစ်နေတော့တာပဲ။
ဆေးစစ်ချက်အဆင်ပြေပြီး အိပ်လိုက်စားလိုက် လုပ်နေတဲ့ အနှီလူသားလေးဟာ လပြည့်ညမှာ သာတဲ့ လမင်းလေးလိုပဲ။ အလုပ်မရှိရင်မနေတတ်တဲ့ လူသားလေးဟာ ပညာရပ်နဲ့သက်ဆိုင်တဲ့ အွန်လိုင်းအတန်း တွေကို တက်နေပြန်သတဲ့။
"ဇီ တကယ်ပဲ လာတွေ့လို့မရဘူးလား"
ရစ်ချင်လာတဲ့ ဆူပုတ်ပုတ်အသံကြောင့် ဒီတလော အလိုလိုက်တာများသွားမှန်း ကိုယ့်ကိုကိုယ် သတိပေးမိ တယ်။ သူနဲ့ကိုယ်ဟာ အပေါ်ထပ်အောက်ထပ် နေထိုင်နေပေမယ့်လို့ ကိုယ်က ဆေးရုံမှာအချိန်ပြည့် ရှိနေခဲ့ တဲ့သူလေ။ တစ်ခုခုဆို ကိုယ်ပဲကာကွယ်ပေးချင်ခဲ့တာကို သိနေတဲ့ အဆိုးလေးဟာ အလိုလိုက်မှန်းသိတော့ ဆိုးချင်နေတော့တာပဲ။