1

2.4K 139 3
                                    

အရောင်တွေ ခြယ်လှယ်ခြင်းခံရတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ ဘယ်လိုများဖြစ်နေနိုင်လဲ
အရောင်တွေရဲ့ အဓိပ္ပါယ်တွေ သတ်မှတ်ချက်တွေ ခံစားချက်တွေကို လိုက်လံရှာဖွေရင်း ကိုယ့်ဘဝကိုပါ အကျိုးသက်ရောက်မှုတွေရှိသွားတဲ့ အခါ
နာကျင်မှုလှိုင်းလုံးတွေဟာ နှလုံးသား ကမ်းစပ်ကို ရိုက်ခတ်လာတဲ့အခါမှာ သူဟာ အရောင်တွေကို စွန့်ပစ်ဖ်ို့ ရွေးချယ်နိုင်လား။
သဘာဝလောကကြီးကို အရောင်တွေနဲ့ ဖွဲ့စည်းထားတာပဲမလား
ကောင်းကင်ပြင်ကိုငေးကြည့်လိုက်တဲ့အခါ
ခြေစုံရပ်နေတဲ့ ဖဝါးအောက်က မြေပြင်ကို ငုံ့ကြည့်လိုက်တဲ့အခါ
လေညှင်းနဲ့အတူ ပါလာတဲ့ ပန်းရနံ့ကိုခံစားမိပြီး ပန်းပင်တွေကို ရပ်ကြည့်မိတဲ့အခါ
ပြီးတော့ လူတစ်ယောက် အရောင်တွေကို ဘဝထဲ ရောက်လာအောင် ဆွဲသွင်းခဲ့တဲ့ လူတစ်ယောက်ကလည်း အရောင်တွေနဲ့ ဖြစ်တည်ခဲ့တာမလား
မျက်ဆံနက်နက်တွေ
အညိုရောင် ခြယ်ထားတဲ့ မျက်ခုံးကွေးတွေ
မျက်ခွံပေါ်က ခပ်ပြေပြေ လိမ္မော်ရောင် အရိပ်ကလေးတွေ
နှင်းပွင့် နှင်းဖတ်ကလေးတွေလိုမျိုး ဖြူစိုနေတဲ့ ပြည့်ဖောင်းဖောင်း မျက်နှာကလေး
ရီနာ နှစ်သက်ရတဲ့အရောင်နဲ့ ထိုလူသားလေးရဲ့အကြိုက်ဆုံးအရောင်ကို ပေါင်းစပ်ထားတဲ့ သဘောကျရသော ဆံနွယ်တွေရဲ့အရောင်တွေ

ဆိုရမည်ဆို ထိုလူသားကလေးမှာ အရောင်များစွာဖွဲ့စည်းတည်ရှိနေသည်။

ရီနာကတော့ ထိုလူသားကလေးကို အဖြူရောင် ဆိုပြီး သတ်မှတ်ထားတယ် ရီနာ့ရဲ့ အဖြူရောင်ငယ်ပေါ့
ထိုလူသားလေးကို ကြည့်ရသည်မှာ ရီနာ့အတွက်
ဆောင်းကာလမှာ ကျနေတဲ့ နှင်းဖတ်ကလေးတွေကို ရပ်ငေးကြည့်ရတာနှင့်တူနေလို့ပင်။
ထိုနှင်းဖတ်ဖြူဖြူလေးကို လက်ခုပ်ထဲ ဖမ်းယူဖို့ ကြိုးစားခဲ့တယ်။
သို့သော်လည်း ထိုဖြူလွှလွှနှင်းဖတ်ကလေးမှာ ရီနာ နားမလည်နိုင်တဲ့ အနက်ရောင်တစ်ခု ခိုအောင်းဝင်သွားချိန်မှာတော့

ရီနာ မမြင်ဖူးသော အခိုးအငွေ့တွေဟာ ထိုလူသားငယ်ရဲ့ မျက်ဆံနက်နက်ထဲမှာ မီးတောက်မီးလျှံ နီရဲရဲ တစ်ခုလို တောက်လောင်နေသယောင်ယောင်ပဲ
အနီရောင်ဟာ နာကျည်းမှု ဒေါသ ကို ဖော်ပြချက်တစ်ခုတဲ့
ဒါဆို သူ့မျက်ဝန်းထဲက ထိုအရောင်ဟာ နာကျည်းမှု တစ်ခုကို ကိုယ်စားပြုနေတာလား

ရီနာနှင့်ဆောင်းရာသီအရောင်များWhere stories live. Discover now