4

528 97 8
                                    

"ဒါနဲ့ဘယ်လိုနေလဲ''

"အဆင်ပြေတယ်''

"ဒါကရော''

"ချစ်ဖို့ကောင်းတယ်''

"ဒီလို တွဲဖက်ဝတ်ဆင်ရင်ရော''

"Perfect ပေါ့''

အလိုမကျစွာ နောက်ဆုံးအကြိမ်မြောက် ကိုင်ထားသောအဝတ်ကို ကုတင်ပေါ် ပစ်တင်လိုက်သည်။

"ဘယ်လိုဖြစ်နေတာလဲ ရီနာ''

"ကိုယ်လား? ကိုယ်က ဘာမှမဖြစ်ဘူးလေ''

"ကျစ်!''

ဆောင်းငယ်က စုတ်တစ်ချက်သပ်ကာ သူ့အခန်းထဲကနေ ထွက်သွားတာမို့ ရီနာလည်း သူ့နောက်က အလျင်အမြန်လိုက်သွားရသည်။
ဘာကို များ စိတ်ဆိုးသွားရတာလဲ ရီနာ တကယ်မသိ။

"ကိုယ့်အပေါ် စိတ်ဆိုးစိတ်ခုစရာများ ရှိနေလို့လား ဆောင်း''

"ရီနာ လုပ်ပုံက ဟုတ်လို့လား''

"ကိုယ်ဘာလုပ်မိလို့လဲ''

"ကိုယ်ချစ်သူက ပွဲတစ်ခုတက်ရမှာမို့ အကောင်းဆုံးဖြစ်မယ်ထင်ရတဲ့ ဝတ်စုံကို မေးနေတဲ့ဟာ ဘာတစ်ခုမှ ထင်မြင်ချက်မပေးပဲ ပြီးပြီးရော ဖြေနေတယ်''

"မဟုတ်သေးဘူး ဆောင်း အကုန်လုံး က မင်းနဲ့လိုက်ဖက်နေတာလေ အဲ့ဒါကို ကိုယ်က ဘယ်လိုများ ပြန်ဖြေရမှာလဲ''

"ဟုတ်လား''

ရွဲ့တဲ့တဲ့ ဆိုလိုက်သံကြောင့် ရီနာ မျက်မှောင်ကြုံ့ သွားသည်။

"ဘာက အပြစ်ဖြစ်သွားတာလဲ''

"ခရမ်းနဲ့ အဝါကို တွဲဖက်ပြလိုက်တာလည်း ရီနာ က လိုက်တယ်ပဲ ပြောနေတာလေ တကယ်က အဲ့နှစ်ရောင်ကို အဝတ်အစားမှာဆို ဘယ်လိုမှ တွဲဖက်မဝတ်ဆင်သင့်ဘူး''

"ကိုယ်မသိဘူး ဆောင်းငယ် မင်းဝတ်ပြတော့လည်း လှနေတာပဲကို''

ရီနာ လေသံတိုးတိုးနဲ့ ဆိုတော့ ဆောင်းငယ်က သူ့ရဲ့အလိုမကျမှုကို လျှော့ချလိုက်ပုံရသည်။

"ဟုတ်တယ် ရီနာက အရောင်တွေနဲ့ပတ်သတ်လို့မသိတာ ရီနာ့အမှားမဟုတ်ဘူး ''

"ကဲ လာ''

ဆောင်းငယ်လက်ကိုဆွဲလိုက်ရင်း ဆိုဖာပေါ်မှာ နှစ်ယောက်တူတူထိုင်လိုက်သည်။

ရီနာနှင့်ဆောင်းရာသီအရောင်များWhere stories live. Discover now