2.5

605 110 4
                                    

Green House in Winter

စာရွက်ကို ဖွင့်လိုက် ရေးထားတဲ့စကားလုံးတွေကို တီးတိုးရေရွတ်လိုက် ပြီးနောက် စာရွက်ကို ပြန်ခေါက် လိုက်နှင့် လုပ်နေသည်မှာ အကြိမ်ရေ တော်တော်များနေလောက်ပြီ။

ရှင်က ရီနာ ဖြစ်နေလို့ပေါ့ ဆိုတဲ့ အကြောင်းပြချက်က ခိုင်လုံမှုမှ မရှိပဲ။

"အမှုစစ်ကြီး''

စားပွဲပေါ်ကို ဖိုင်တွဲတွေနဲ့အတူ အပင်တစ်ပင်ပါတဲ့ အိုးအသေးစားလေးပါ လာတင်လိုက်တဲ့ ဂျီဆယ် ကြောင့် စာရွက်ခေါက်ကို အိတ်ကပ်ထဲ ထိုးချေထည့်လိုက်သည်။

"အင်း ပြောလေ''

"အတွေးများနေသလိုပဲ ပြီးတော့ နှုတ်ကနေလည်း တစ်ခုခုများ ရွတ်နေသလားလို့''

"ဘာရယ်တော့ မဟုတ်ပါဘူး ဒါနဲ့ ဒီအိုးက ဘာအတွက်လဲ''

"ပန်းဆိုင်က လာပို့သွားတာ အမှုစစ်ကြီးနာမည်နဲ့ postcard လည်း ပါတယ်''

ပန်းအိုးမှာ ချိတ်ဆွဲထားတဲ့ postcard ကို ဖွင့်ဖတ်လိုက်တော့

ဒီအပင်လေးရဲ့ နာမည်က snake plant လို့ ခေါ်တယ်
ရှင့်ရဲ့ ရုံးခန်းထဲက လေထုကို သန့်စင်ပေးတဲ့အပြင် ဖော်မယ်ဒီဟိုက် နဲ့ ဘန်ဇင်း တို့လို အဆိပ်အတောက် ဖြစ်စေတာကို ဖယ်ရှားပေးတယ်လို့ ဆိုင်က ပြောတယ်။ ရှင် အလုပ်မှာ အာရုံစူးစိုက်ရလွန်းလို့ ပင်ပန်းလာရင် အပင်လေးကို စိတ်လိုလက်ရ တစ်ခေါက်လောက်တော့ ကြည့်ပေါ့။

ရှင့်ရဲ့ဆောင်းရာသီ

ရှင့်ရဲ့ ဆောင်းရာသီ ဆိုပါလား
ဒီကောင်မလေးက ရီနာ့ကို သိပ်ပြီး အရောဝင်လွန်းတာပဲ။

"မျက်နှာက ဝင်းပသွားလို့ပါလား ဘယ်သူလဲ ကောင်လေးလား''

"အာ မဟုတ်ပါဘူး ဒီတိုင်း အသိတစ်ယောက်ပါ''

"ပိုမယ်လို့တော့ ထင်တယ်''

"ဂျီဆယ် ကို ဥပမာ တစ်ခုမေးကြည့်မယ်နော်
လူတစ်ယောက်ကလေ တခြားတစ်ယောက်ကို ပထမဆုံးအကြိမ် စမြင်ရုံနဲ့ ရင်းရင်းနှီးနှီး စကားဖောင်ဖွဲ့နိုင်လား''

"အရောင်းစာရေး တွေကတော့ ဖြစ်နိုင်တာပေါ့''

"အာ အဲ့လို မဟုတ်ဘူး ဂျီဆယ် ရယ်''

ရီနာနှင့်ဆောင်းရာသီအရောင်များWhere stories live. Discover now