2

644 113 6
                                    

အရောင်တွေနှင့် အလုပ်လုပ်သည့်အားလျော်စွာ
ဆောင်းဟာ အရောင်တွေအပေါ်မှာ ခံစားချက်တွေထားပြီး စိတ်ထဲ သွင်းတတ်သည်။
အညိုရောင်ဟာ အရောင်အနေနဲ့ပဲ ကြည့်မယ်ဆို မည်သည့်အပြစ်မှ မရှိလှချေ။
ခက်တာက အပြစ်ရှိတဲ့လူသားတစ်ယောက်ရဲ့ အရိပ်တွေဟာ ထိုအရောင်နဲ့ ဆက်စပ်သွားတဲ့အခါ ဆောင်းတစ်ယောက် အရောင်ကိုပါ အပြစ်မြင်ချင်မိသည်။

ထိုအတွေးကို ဖျောက်ဖျက်ပစ်ဦးမှပါ။

စောင့်နေသည့် မြေအောက်ရထားက မကြာခင်လာတော့မည်ဖြစ်သည်။
Client နဲ့ချိန်းထားသည့် အချိန်ထက်တော့ နောက်မကျတန်ရာ။

ရထားဘူတာရုံမှာလည်း ရထားကိုစောင့်မျှော်နေကြသော အရောင်ပြေးကလေးတွေ။
ထိုအရောင်တွေ ကြားထဲမှာမှ တခြားသူတွေထက်ပိုပြီးကွဲထွက်နေသော လူသားတစ်ယောက်။
အာ ဒါကျတော့ ရေစက်​သေးသေးလေး တစ်ခုက အလိုအလျောက် ဖြစ်တည်လာတာနေမှာ

သာမန်မိန်းကလေး တွေထက် ပိုပြီး မြင့်မားလှတဲ့ သူ့အရပ် ဟာ မနာလိုစရာ သိပ်ကောင်းတာပဲ

ထူးဆန်းလိုက်တာ သူဟာ အညိုရောင် လောင်းကုတ်နေရာမှာ အဖြူရောင် သိုးမွှေးထည်ကို ဝတ်ဆင်ထားတာပဲ လက်ထဲမှာ​တော့ သူကိုင်နေကျ attaché case ကတော့ ရှိနေဆဲ။
ရုံးသွားတာဆို သူက ဘတ်စ် စီးနေကျပါ။
ဒီနေ့ကျမှ ဘယ်လိုဖြစ်လို့

လိုချင်တာ တစ်ခုကို အစပြုဖို့ ဆောင်းရဲ့ နှုတ်ခမ်းပါးတွေ အပေါ်သို့ ကြွတက်ကာ ကော့ညွတ်သွားသည်။

နားထဲထည့်ထားသော နားကြပ်ထဲက ပျံ့လွင့်နေသော သီချင်းကို အာရုံပြုနေသော ရီနာ ဟာ ဘေးနားကို အရိပ်တစ်ခု လာရပ်နေတာကို သတိထားမိလိုက်တာမို့ သီချင်းထံမှ အာရုံက ထိုအရိပ်ဆီကို ကပ်လွင့်သွားသည်။

ရီနာ့ရဲ့ မျက်ခုံးတွေ အပေါ်သို့ပင့်တက်သွားရင်း

"မင်း.''

"ဆောင်းရာသီပါ''

"ဘယ်လိုဖြစ်လို့''

"ဟုတ်တယ် Wint လည်း အဲ့ဒီစကားလုံးကိုသုံးချင်နေတာ''

ရထားဆိုက်ရောက်လာတာမို့ သူ့ဘေးကနေ ဆောင်း ကပ်လိုက်ကာ သူ့နားမှာပဲ ရပ်နေလိုက်သည်။
ရထားတွဲပေါ်မှာ ထိုင်စရာနေရာက ကုန်လုနေပြီ။
အခုလို ဘေးချင်ယှဥ်ရပ်မိကာမှပဲ ဆောင်းမှာ သူ့ထက် အတော်ကလေး သေးလှသည်ကို မြင်မိတော့သည်။

ရီနာနှင့်ဆောင်းရာသီအရောင်များWhere stories live. Discover now