စိတ်ရဲ့ ပြတင်းပေါက်ဟာ မျက်လုံးတွေဖြစ်တယ်။
ဂရေ့စ်ဟာ သူ့ခွေးကလေးနဲ့စကားပြောနေချိန်ဆို သူ့မျက်လုံးတွေဟာ မြတ်နိုးမှုတွေနဲ့အတူတောက်ပသွားလေ့ရှိတယ်။ ဂျီဆယ်က သူသဘောကျတဲ့ ပန်းတွေကိုမြင်တိုင်း မျက်ဝန်းတွေမှာ ရွှန်းမြ စိုလက်သွားတယ်။
အနီရောင်ကျူးလစ် ကို လက်ခံလိုက်တဲ့ ဆောင်းငယ်ရဲ့ မျက်လုံးတွေမှာ အေးစက်တဲ့ ဆောင်းငွေ့တွေ ခိုဝင်နေတယ်။ Psychopath တွေကို သူတို့သတ်ခဲ့တဲ့နစ်နာသူတွေအကြောင်း ပြောပြတဲ့အခါ ခံစားချက်မရှိပဲ အသက်မဲ့တဲ့မျက်လုံးတွေလိုပေါ့။ဆောင်းငယ်က ရှည်လျားစွာပြုံးပြတယ် ရီနာပင် အဲ့သလောက်ထိ ကြာကြာမပြုံးနိုင်ပေ။ ပြုံးလိုက်တဲ့အခါမှာတော့ မျက်နှာ ပေါ်က အပြုံးတွေနဲ့အတူ မျက်ဝန်းအကြည့်ကပါ ရယ်မြူးရိပ်သန်းသွားတတ်သည်။
ပြီးတော့ မည်သည့်အဖြေမှ မပေးပဲ ရီနာ့ရဲ့ ဖုန်းနံပါတ်ကိုတောင်းယူပြီး လမ်းချိုးတစ်ခုထဲကို ကွေ့ဝင်သွားသည်။ ရီနာ သူ့နောက်ကို ဆက်မလိုက်သင့်တော့ကြောင်းကို ဦးနှောက်က သတိပေးတယ်။
ရီနာစောင့်မျှော်နေတဲ့ ဖုန်းခေါ်ဆိုမှုဟာ ည ၁၀ နာရီမှာပဲ ဝင်ရောက်လာခဲ့တယ်။
"Hello''
"ရီနာ''
ချိုမြမြ ဂစ်တာသံလေးဟာ နှလုံးသားမှာ အဝါရောင်သန်းသွားစေတယ်။
"ကိုယ်မင်းရဲ့ ဖုန်းကို စောင့်မျှော်နေတာ''
"ရှင်က စောင့်ရတာ မကြိုက်လှဘူးဆို''
"မင်းကတော့ ခြွင်းချက်ပေါ့''
"Haha''
ခနဲ့တဲ့တဲ့ ရယ်လိုက်သံလား သဘောရိုးနဲ့ပဲ လား ရီနာ သေချာမခွဲတတ်။
"ဘာဖြစ်လို့ ရယ်တာလဲ''
"သဘောကျလို့ပါ''
နှစ်ဖက်စလုံး မှ တိတ်ဆိတ်သွားသည်။
"ရီနာ''
"အင်း''
"အဝါရောင် ဆိုတာ အစိမ်းရောင် နဲ့ လိမ္မော်ရောင် ကြားက အရောင်တဲ့''
"အင်း''
"ဆောင်း လေ လိမ္မော်ရောင် ညနေခင်း တိုင်းမှာ ရှင့်လက်ကို တွဲ ပြီး အိမ်ပြန်ချိန်တွေကို ဖြတ်သန်းချင်တယ်''
YOU ARE READING
ရီနာနှင့်ဆောင်းရာသီအရောင်များ
Fanfictionအရောင်တစ်ရောင်စီတိုင်းမှာ အဓိပ္ပါယ်တစ်ခုစီတော့ ပုံဆောင်နေကြတာပဲ စိတ်ခံစားချက်တွေကို ဖော်ပြချင်တဲ့အခါမှာလည်း စကားလုံးတွေသုံးရမဲ့အစား အရောင်တွေနဲ့ပဲ ဖော်ပြလိုက်တော့တာ ရီနာရဲ့... October /27/2021 -- December /24/2021