သဲသောင်ပေါ် ခြေပစ်လက်ပစ်ထိုင်ရင်း ပင်လယ်ထဲ ကလေးငယ်တစ်ယောက်နဲ့ ဆော့ကစားနေတဲ့ ရီနာ့ရဲ့ကလေး တဖြစ်လဲ ဆောင်းကို ပြုံးပြုံးကြီး ငေးကြည့်နေလိုက်သည်။ တအောင့်ကြာတော့ ရေထဲကနေ တက်လာကာ ရီနာ့ အနားရောက်လာသည်။
"လာ ရီနာ့ရဲ့ ပင်လယ်ကိုလာပြီးမှ ပင်လယ်ရေနဲ့ မထိတွေ့ဘူးဆိုတာ မဟုတ်သေးဘူး''
"သွားပါ ဆောင်းပဲ ဝအောင်ဆော့ ကိုယ်ဒီတိုင်းထိုင်ကြည့်ရတာ ပိုကြိုက်တယ်''
ဆောင်းငယ်က မဲ့ပြုံးပြုံး ရင်း
"နေပေါ့''
ပြောရင်းဆိုရင်း ရေထဲ ပြန်ရောက်သွားပြန်သည်။
စိတ်တော့မဆိုးသွားလောက်ပါဘူး ဒီတိုင်း အလိုမကျမှု သေးသေးလေးဖြစ်သွားတာပဲနေမယ်။
စိတ်ဆိုးခဲ့ရင်လည်း ချော့တာပေါ့ ဒါက ရီနာ့အလုပ်ပဲလေ။ဒီတိုင်းလေး တစ်သက်လုံးငေးကြည့်နေရရင်လည်း ဘဝက ပြီးပြည့်စုံတာပဲ။ ချစ်ရသူကိုငေးကြည့်နေရခြင်းမှာ ရောင့်ရဲတင်းတိမ်မှုဆိုတာ ရှိပမလား ငေးပြီးရင်းငေးနေချင်တာ။အဲ့ဒီလိုပြောရင် တခြားသူတွေက ရူးတယ်ထင်မှာပဲ။ ဒါပေမဲ့လည်း ကိုယ့်ဘဝကို အဓိပ္ပါယ်ရှိစေတဲ့အရာတစ်ခုနဲ့ကြုံတွေ့လာတဲ့အခါ တခြားသူတွေက ကိုယ့်ကို ရူးနှမ်းတယ်ထင်စေဦးကိုယ့်အနေနဲ့ အဓိပ္ပါယ် စရှိလာပါလားလို့ ခံစားရတာပဲ။
ရီနာ့ဘဝဟာ သမာရိုးကျဆန်တယ် ဘယ်အရာက အဓိပ္ပါယ်ရှိလည်းဆိုတာ ရီနာ မသိခဲ့ဘူး။ အခုလက်ရှိ ရီနာ့မိဘတွေဆိုတာလည်း တကယ်တော့ ရီနာ့အလယ်တန်းရောက်တော့မှ မွေးစားခဲ့တဲ့ မွေးစားမိဘတွေပေါ့။ ကျေးဇူးရှင်ဆိုရင်လည်းမမှားပါဘူး ရီနာ့ ကို ပညာတတ်တစ်ယောက်ဖြစ်အောင် သူတို့ပျိုးထောင်ပေးခဲ့တယ်။ အမှုစစ်တစ်ယောက်ဖြစ်ချင်တဲ့ရီနာဟာ အတော်ဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ တကယ်တမ်းကျတော့လည်းအစွမ်းကုန်ကြိုးစားရင်တောင် Background မခိုင်ရင် အမြင့်ကိုရောက်အောင်တက်လှမ်းနိုင်ဖို့က ခက်သားမလား။ ပြီးတော့ အမှုစစ်ဖြစ်ခါစ အချိန် ကံဆိုးမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့တဲ့အခါ ပြန်တွေးမိလိုက်တိုင်း လိပ်ပြာမလုံတဲ့စိတ်က ရီနာ့ ကို ခြောက်လန့်နေခဲ့တယ်။
YOU ARE READING
ရီနာနှင့်ဆောင်းရာသီအရောင်များ
Fanfictionအရောင်တစ်ရောင်စီတိုင်းမှာ အဓိပ္ပါယ်တစ်ခုစီတော့ ပုံဆောင်နေကြတာပဲ စိတ်ခံစားချက်တွေကို ဖော်ပြချင်တဲ့အခါမှာလည်း စကားလုံးတွေသုံးရမဲ့အစား အရောင်တွေနဲ့ပဲ ဖော်ပြလိုက်တော့တာ ရီနာရဲ့... October /27/2021 -- December /24/2021