Interval-2

541 92 4
                                    

ဆောင်းငယ်နှင့် ချစ်သူ ဖြစ်ပြီးနောက်ပိုင်းမှာ သူဟာ အရောင်တွေနဲ့ပတ်သတ်တာတွေသိပ်ပြီးမပြောတော့။
သူပြောတဲ့ အပြာရောင်စက်ဝန်းဆိုတာ ဘယ်အရပ်ဆီကို ဦးတည်နေမှန်းလည်း ရီနာ မစဥ်းစားတတ်ပါ။
တစ်ခါက သူပြောဖူးသလိုမျိုးပေါ့ ခံစားချက်တွေ ဖော်ပြချင်သည့်အခါမှ အရောင်တွေကို သုံးသည့်သဘောပဲ ဖြစ်လိမ့်မည်။ အဲ့သလိုသာဆို ရီနာနှင့်တွဲနေစဥ်ကာလ တစ်လျှောက် ဆောင်းငယ်မှာ မည်သည့်ခံစားချက်မှ ရှိမနေဘူးပေါ့။ တစ်ခါတစ်ရံ ကျပြန်လည်း ကိုယ့်အတွေးကမ္ဘာထဲ မတင်မကျသော အမေးအဖြေများနှင့် ရီနာ တစ်ယောက် ပိတ်နေမိပါသည်။

နွေညလယ်ဟာ အနည်းငယ် အိုက်စပ်သည်။
အိပ်ရာထဲ လှဲနေပေမဲ့ အတွေးကမ္ဘာထဲမှာပဲ နစ်မွန်းနေတာမို့ ထထိုင်ကာ အိပ်ရာဘေးက ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ တစ်ဖက်က ဂရေ့စ်အိမ်ထဲမှာတော့ မီးတွေလင်းနေသေးတာကြောင့် ဂရေ့စ်တစ်ယောက် အိပ်မပျော်သေးဘူးထင်၏။ တကယ်လည်း ဂရေ့စ်တစ်ယောက်ဟာ ခြံထဲမှာ ခုံတစ်လုံးနဲ့ စားပွဲတစ်လုံးချကာ ထိုင်နေသည်။ စားပွဲပေါ် မှာတော့ ပုလင်းတစ်ပုလင်း။ အိပ်ရာကနေထကာ ခြံထဲဆင်းလိုက်သည်။
ထိုင်ခုံဘေးနားက ဓာတ်ပြားစက်မှာ ထွက်ပေါ်နေတဲ့သီချင်းသံဟာ ဂရေ့စ် တစ်ကိုယ်စာ ကြားရုံလောက်သာ ​ဖွင့်ထားသည်။

"Hi ဂရေ့စ်''

သူမ အသံကြားတော့ ဂရေ့စ်က လက်ထဲကိုင်ထားသော ခွက်ကို စားပွဲပေါ်တင်လိုက်သည်။

"ရီနာ အိပ်မပျော်ဘူးလား''

"ဆိုပါတော့ ဂရေ့စ်ရောပဲလား''

"ဟုတ်တယ် တို့များရဲ့ ဒဏ်ရာဟောင်း လေးကို အမှတ်ရသွားတယ်​ပြောရမှာပေါ့ လာလေ ရီနာ စကားပြောကြမလား ခုံသွားယူပေးမယ်''

ပြောပြောဆိုဆိုနှင့် ဂရေ့စ်က ထသွားတာမို့ ရီနာလည်း ဂရေ့စ်ခြံထဲကို ကူးလူးလိုက်သည်။

"သောက်ဦးမလား''

"ဟင့်အင်း''

"ကောင်းကင်မှာရှိတဲ့ ကြယ်တွေအားလုံးထက် များပြားလွန်းတဲ့ အချစ်တစ်ခုကို ရင်ထဲထည့်ထားဖူးလား''

ရီနာနှင့်ဆောင်းရာသီအရောင်များWhere stories live. Discover now