အဖြူနှင့်အနက်စပ်ထားသော စက်ဘီးကို အိမ်တွေရဲ့ ခပ်လှမ်းလှမ်းတစ်နေရာမှာ ရပ်တန့်လိုက်သည်။
အဖြူရောင် ရှူးဖိနပ်စီးထားသော ခြေထောက်တစ်ဖက်ကို ထောက်ချလိုက်ရင်း တံခါးပိတ်ထားသော အိမ်ကို ရှေးရှူလိုက်သည်။
အညိုရောင်တွေဟာ စိတ်ဒုက္ခသိပ်ပေးတာပဲ။
အိမ်ကိုဆေးသုတ်ထားတာလည်း အညိုဖျော့ဖျော့ အရောင် ပိုဆိုးတာက အိမ်ရဲ့ရှေ့တံခါးမကြီးက အစ အညိုရောင် တံခါးဖြစ်နေခြင်းပဲ။အညိုရောင်ရဲ့အရိပ်တွေဟာ အဖြူကနေ စတယ်။
အဖြူ ကနေ အညိုရောင်ဆီ သွားနိုင်ဖို့ ကြားထဲမှာ အဆင့် ၉ ဆင့်ကိုဖြတ်သန်းရတယ်။
အဖြူရောင် ၊ ဆင်စွယ်ရောင် ၊ သဘာဝအရောင် ၊ အညိုဖျော့ဖျော့အရောင် (ပန်းချီစုတ်တံသုံး အမွှေးနု အရောင်) ၊ အညိုရောင်ရောစွက်သန်းနေသော မီးခိုရောင် ၊ ဂျုံစေ့အရောင် ၊ မိုးခါး(mocha) အရောင် ၊ ကော်ဖီအရောင် ၊ နီဝါရောင် နဲ့ နောက်ဆုံး ကြေးညိုရောင် ဆိုပြီး အဆင့်ဆင့်သွားရတယ်။အညိုရောင် ဆံပင်ခက်တွေ အညိုရောင် မျက်ဆံ တွေရဲ့ မှိုင်းညို့နေသော အကြည့်တွေ အညိုရောင် ဝတ်စုံတွေကို ဝတ်ဆင်လေ့ ရှိတဲ့ အဲ့ဒီအမျိုးသမီး ဆီကို ချဥ်းကပ်မဲ့ အဖြူရောင်ငယ်ဖြစ်တဲ့ သူမကတော့ တခြား အရောင်တွေ သုံးပြီး သူ့ရဲ့ အရိပ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားမှာ ဖြစ်တယ်။
အိမ်ရဲ့ တံခါးမကြီး ပွင့်လာပြီးနောက် သူမ ကြည့်နေသော အဲ့ဒီအမျိုးသမီး ဟာ သူကိုင်နေကျ attaché case ကို ဆွဲလာရင်း အပြင်ကိုထွက်လာတယ်။
ထူးထူးဆန်းဆန်း စောစောထွက်လာလို့ပါလား။သူကပတ်ဝန်းကျင်ကို တစ်ချက်ကြည့်တယ်။
မြူတွေဝေ့ဆိုင်းနေတာမို့ သူ့မျက်နှာရဲ့ အသေးစိတ်ပြောင်းလဲမှုကို သူမ မမြင်ရချေ။စက်ဘီးကို ခပ်သုတ်သုတ်နင်းကာ သူ့အနားကနေ ဖြတ်နင်းလာခဲ့ပေမဲ့ သူဟာ သတိပြုမိပုံမရ။
"Wint ဒီလိုမျိုးကြီး စမလို့လား''
Yoong ရဲ့ အမေးစကားကို အင်း တစ်လုံးသာဖြေရင်း ဖိနပ်ကြိုးတွေကို အနည်းငယ် ဖြေလျော့လိုက်သည်။
"အခုလို အဖြူရောင် ဆောင်းနံနက်ခင်း တစ်ခုမှာ သူ့ဘဝထဲကို အဖြူရောင် တွေ နဲ့ အစပြုခဲ့ချင်တယ်
ကင်းဗတ်အဖြူစ တစ်ခုပေါ်မှာ ငါ့ရဲ့ဇာတ်လမ်းတစ်ပုဒ်ကို အရောင်တွေ စခြယ်တော့မှာ''
YOU ARE READING
ရီနာနှင့်ဆောင်းရာသီအရောင်များ
Fanfictionအရောင်တစ်ရောင်စီတိုင်းမှာ အဓိပ္ပါယ်တစ်ခုစီတော့ ပုံဆောင်နေကြတာပဲ စိတ်ခံစားချက်တွေကို ဖော်ပြချင်တဲ့အခါမှာလည်း စကားလုံးတွေသုံးရမဲ့အစား အရောင်တွေနဲ့ပဲ ဖော်ပြလိုက်တော့တာ ရီနာရဲ့... October /27/2021 -- December /24/2021