5

554 97 3
                                    

Emma ဆိုသောအမျိုးသမီးနှင့်ရီနာ ဟာ တချိုးတကွေ့တော့ တွေ့ဆုံကြဦးမည်ဆိုတာ ဆောင်းမျှော်လင့်ထားသောကိစ္စတစ်ရပ်ဖြစ်သည်။ သဝန်မတို၍ စိတ်ကောက်ခဲ့သော ရီနာ့ကိုလည်း နားလည်မိသည်။ တကယ်လည်း ဆောင်းဟာ ထိုအမျိုးသမီးနှင့်ရီနာ့ကို ထိုအချိန်က သဝန်တိုဖို့ စိုးစဥ်းမျှပင်မရှိခဲ့။ လျှောက်လှမ်း၍ကျန်ခဲ့ပြီးသော အတိတ်ကခြေရာတွေကို ရီနာတစ်ယောက် ပြန်လှည့်မကြည့်ဘူးဆိုတာ ဆောင်းရဲ့ပင်ကိုသိစိတ်ထဲမှာကိုက ယုံကြည်နေသောကြောင့်ပင်။ ရီနာဟာ ဆောင်းကို အဘယ်မျှလောက်ထိ ချစ်သလဲ ဆောင်းခံစားမိသည်ပဲလေ။ သို့သော်လည်း နားလည်မှုလွဲခဲ့သော အခြေအနေတစ်ရပ်ကတော့ ဖြစ်ပွားခဲ့သည်ပင်။

လျှောက်လှမ်းမှာ တွေ့ခဲ့သော ရီနာ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူ့နာမည်က ဂျီဆယ်လားပဲ သူ့ထံသို့ အပြုံးတစ်ခု ပေးလိုက်ရင်း ရီနာ့ရဲ့ ရုံးခန်းကို ခပ်သွက်သွက်ခြေလှမ်းတွေနဲ့လျှောက်သွားလိုက်သည်။

ဒါဆိုရင်တော့ ရုံးခန်းထဲမှာ ရီနာတစ်ယောက်တည်းရှိမည့်ပုံ။

"ရတယ် Emma ဖယ်ဖယ်''

ကိုးလို့ကန့်လန့် မြင်ကွင်းတစ်ခုကို အဆင်မ​ပြေစွာနဲ့ ဆောင်း ရှုစားလိုက်ရတယ်။ ဘယ့်နှယ့်ကြောင့် ဆံပင်အနီနဲ့ အမျိုးသမီးရဲ့ လက်တစ်ဖက်က ရီနာ့ပေါင်ပေါ်ရောက်နေပြီး ကျန်လက်တစ်ဖက်ကို ရီနာက ကိုင်ထားရတာလဲ။

အလိုမကျဘူး ဟုတ်တယ်... ဒီလိုမြင်ကွင်းမျိုးကို ဆောင်း ဘယ်လိုမှ အလိုမကျလှဘူး ရီနာ့ မျက်နှာပေါ်က စိတ်ရှုပ်ထွေးမှုကို မြင်လိုက်ရသည့်တိုင်ပေါ့။

"အနှောင့်အယှက် ပေးမိတယ်ထင်တယ်''

"မဟုတ်ဘူး ဆောင်း''

မပြေးရုံတမယ် ချာကနဲ လှည့်ထွက်မိတယ်
နောက်နားကနေ လိုက်လာတဲ့ ခြေသံတော့ကြားမိသား
ကော်ရစ်တာ ထောင့်စွန်းနားမှာ ဂျီဆယ်နဲ့ တိုက်မိတယ်
သူ့လက်ထဲက စာရွက်တွေက ကြမ်းပြင်ပေါ် ပြန့်ကြဲကုန်သည်။

အင်း ဂျီဆယ်တော့ တွေးမိတော့မယ် အမှုစစ်ရဲ့ ချစ်သူဟာ လူမှုရေးသိပ်ကိုခေါင်းပါးတာပဲလို့ပေါ့

ရီနာနှင့်ဆောင်းရာသီအရောင်များWhere stories live. Discover now