5.5

555 93 2
                                    

နီဖျော့ဖျော့ကိုခြယ်တယ်
လိမ္မော်ရောင်ပြေပြေကလေးကို ထပ်ဆွဲတယ်
အဝါရောင်နေကြာတွေကို ဖမ်းဆုပ်ထားတယ်
အစိမ်းရောင်မြက်ခင်းပြင်ကျယ်ကို ဖြန့်ကြဲတယ်
အပြာရောင်ကောင်းကင်ရဲ့အလှတရားကို ဖြည့်စွက်
မဲနယ်ရောင်ဆေးသားနဲ့အတူ နာမည်တစ်လုံးရေးခဲ့
ခရမ်းရောင် ရောင်စဥ်တန်းတွေ ဖြတ်ပြေးပြီးနောက်မှာတော့ အဖြူရောင်ကင်းဗတ်စ ရဲ့ မူလ အရောင်ကိုပင် ရှာမတွေ့ခဲ့တော့။

သက်တံ့သစ်

မျက်ရည်မိုးတွေ ရွာသွန်းပြီးနောက်မှာ ခွန်အားပေးတဲ့ သက်တံ့သစ်ပေါ့ ဒါဟာ ဒီပန်းချီရဲ့ အမည်နာမပဲ။

"အရောင်တွေထဲမှာ အပြစ်ရှိတဲ့အရောင်တစ်ရောင်ရှိတယ် ရီနာသာဆို အဲ့ဒီအရောင်ကို ဘာလုပ်ချင်လဲ''

"ကိုယ်သာဆို အဲ့ဒီအရောင်ကို စွန့်ခွာမိမှာပဲ''

ဟုတ်တယ် စွန့်ခွာရမှာပေါ့ ပြီးတော့....
အပြစ်လည်းပေးရမှာပဲလေ သက်တံ့သစ်မှာ အညိုရောင်မှ မလိုပဲ။

ကားချပ်ကိုလိပ်ကာ ဗူးထဲကို ခေါက်ထည့်လိုက်သည်။
တစ်နေကုန်ဖုန်းစက်ပိတ်ထားတာမို့ ရီနာတစ်ယောက်တော့ စိတ်ပူနေမှာပဲ သူမတိုက်ခန်း အဲ့ဒီမှာ မတွေ့ရင် GreenHouse ထိ အပြေးသွားမယ် ဘာမှမလုပ်ပဲ ဖုန်းအလာကိုပဲ ထိုင့်စောင့်နေတာလည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ငါးမျှားတဲ့နေရာမှာ ပန်းချီလာဆွဲတာ သူမ တစ်ယောက်တည်း ရှိမည့်ပုံပင်။

ပစ္စည်းတွေကိုသေချာထုတ်ပိုးပြီးတော့ ကားဆီကို ပြန်သွားစဥ်

"နေပါဦး..''

ကားတံခါးကို ဖွင့်ဆဲလက်တို့က တန့်သွားသည်။
အပြားကြီးကြီး ဦးထုပ်ကိုဆောင်းထားသူကိုသေချာကြည့်မိတော့မှ ရီနာ့ အိမ်နီချင်းဖြစ်နေလေသည်။

"အန်တီ ဂရေ့စ် ''

"တို့များ နာမည်ကို သိတယ်ပေါ့''

"ဟုတ် ရီနာပြောပြဖူးပါတယ် ဒီကို ဘယ်လိုလုပ်''

"ငါးတွေကို အစားလာကျွေးတာ''

"သြော် ''

"ခဏလောက်စကားပြောကြမလား''

ကားထဲကို ပစ္စည်းတွေထည့်ပြီးနောက် သူ့နောက်ကို ဆောင်းလိုက်လာလိုက်သည်။

ရီနာနှင့်ဆောင်းရာသီအရောင်များWhere stories live. Discover now