ကြယ်တွေစုံတဲ့ ညတစ်ညမှာ နွေးထွေးတဲ့ရင်ခွင်တစ်ခုထံခိုလှုံရင်း ခန္ဓာရဲ့အလိုရမ္မက်တွေကြဲချနေတဲ့ ဆောင်းငွေ့လေးရဲ့အေးစက်မှုဟာ Pianist တစ်ယောက်ပုံဖော်နေတဲ့ အချစ်သီချင်းရဲ့နွေးထွေးမှုကိုတော့ မဖုံးလွှမ်းနိုင်ခဲ့ရှာဘူး။ နွေရာသီရဲ့ ညတစ်ညမှာ ဆောင်းရဲ့ဝိညာဥ်ထဲကနာကျည်းမှုတွေကို ရှင်မြင်အောင်ကြည့်လှည့်စမ်းပါ။ မီးခိုးရောင်တွေနဲ့ပြည့်နှက်နေတဲ့မျက်လုံးတွေဟာ ခံစားချက်မဲ့တာကို ဖော်ပြတာ ရှင်မသိချင်ယောင်ဆောင်နေရောလား။ Blue color... blue color ဒါကို ရှင့်ထံ ခြယ်သတော့မှာ တရိရိနဲ့ ရှင့်နှလုံးသားကို ညှင်းဆဲရင်းလေ။
ဗင်းဆင့်ဟာ တောင်ကုန်းပေါ်က အရိပ်တွေ
သစ်ပင်တွေ နှင်းပန်းတွေရဲ့ ဖမ်းစားမှုကို သူ့ရဲ့စာမျက်နှာထဲ ဖြည့်စွက်ခဲ့တယ်။ နှင်းထူထပ်နေတဲ့တောင်ကုန်းမြေပေါ်က ဆောင်းလေအေးတွေ လေပြည်လေညှင်းတွေရဲ့ ချမ်းအေးမှုတွေထဲက အရောင်များစွာကို ဖမ်းစားခဲ့တာ ရှင်သိလား။
ရှင်ရော..ရှင်ရော ဆောင်းနဲ့ပတ်သတ်တဲ့အရိပ်တွေ ဆောင်းရာသီ အရောင်တွေကို ရှင့်ဘဝရဲ့ စာမျက်နှာထဲမှာ ရေးသွင်းနေခဲ့ပြီမလား ဒါဟာ ဆောင်း ဖြစ်ချင်ခဲ့သော အကြောင်းအရာတွေပေါ့ ရီနာ။ တကယ်တော့ ဆောင်းအနေနဲ့ ပျော်နေသင့်တယ်လို့ရှင်ထင်လား။ရူးသွပ်ခြင်းရဲ့လမ်းစဟာ ချစ်ခြင်းမေတ္တာကို အခြေခံတယ်။ ချစ်မြတ်နိုးရတဲ့အရာတွေကို အဆုံးရှုံးမခံနိုင်တဲ့အခါပေါ့။ ဆင်ခြင်တုံတရားကင်းမဲ့သွားတဲ့အခါ ဖြစ်သင့်မဖြစ်သင့်ကို အဘယ်သူက စဥ်းစားနေတော့ပါ့မလဲ။ ဦးနှောက်ကပြောသမျှကိုလည်း သူတို့ဟာ မသိတော့ဘူး နားမထောင်တော့ဘူး။ ဗင်းဆင့်ဟာ သူ့လက်ရာတွေကို သိပ်ကိုမှ ချစ်မြတ်နိုးခဲ့ရရှာတာ ဒါပေမဲ့ သူ့ပန်းချီ.. ပန်းချီတွေဟာ သူ့ကို ပြန်မချစ်နိုင်ခဲ့ဘူး။ တစ်ချိန်မှာ ရှင်ဟာ ပန်းချီဆရာ တစ်ယောက်ဖြစ်လာတော့မှာ ရှင့်ပန်းချီကားနာမည်က ''ရီနာနှင့်ဆောင်းရာသီအရောင်များ'' တဲ့ ဘယ်အရောင်တွေကများ ပိုပြီးများပြားနေလိမ့်မလဲ ဆောင်းခန့်မှန်းကြည့်မယ်။ အဝါတောက်တောက်နဲ့ အပြာတောက်တောက်ဖြစ်နေမလား။ အဝါရောင်ဟာ ဆောင်းနဲ့ရှိခဲ့စဥ် ရှင့်ရဲ့အတိတ်က နေ့စွဲတွေကို ဖော်ညွှန်းပြီး အပြာရောင်ကတော့ ရှင်မလိုချင်သော ဝမ်းနည်းမှုရပ်ဝန်းကိုဖော်ပြတဲ့ ရှင့်ရဲ့အနာဂတ်နေ့ရက်တွေပဲ ဖြစ်မယ်ထင်ပါရဲ့။
YOU ARE READING
ရီနာနှင့်ဆောင်းရာသီအရောင်များ
Fanfictionအရောင်တစ်ရောင်စီတိုင်းမှာ အဓိပ္ပါယ်တစ်ခုစီတော့ ပုံဆောင်နေကြတာပဲ စိတ်ခံစားချက်တွေကို ဖော်ပြချင်တဲ့အခါမှာလည်း စကားလုံးတွေသုံးရမဲ့အစား အရောင်တွေနဲ့ပဲ ဖော်ပြလိုက်တော့တာ ရီနာရဲ့... October /27/2021 -- December /24/2021