💕TRUE LOVE💕Ep-1
ZhanYi fanfic ❤️💚
BL🐰🦁သူက သာမန်မိသားစုကနေမွေးဖွားလာခဲ့ပြီး ရိုးရှင်းတဲ့ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါသည်။ တရုတ်ပြည်၏ ဝါဒအတိုင်း အိမ်ထောင်တစ်ခုမှာ ကလေးတစ်ယောက်သာ ယူခွင့်ရှိသည်ဖြစ်၍ သူ့တွင် မွေးချင်းမောင်နှမမရှိဘဲ တစ်ဦးတည်းသောသားအဖြစ်မွေးဖွားလာရခြင်းဖြစ်၏။ သူတစ်ယောက်တည်းဆိုပေမယ့် ပျင်းရိခြင်းမရှိပါ။ သူ့အတွက် ကြောင်လေးတွေကို ပါးပါးနဲ့မားမားက မွေးခွင့်ပေးထားသည့်အပြင် သူဝါသနာပါသော ပန်းချီပညာကိုလည်း ငယ်စဉ်ကတည်းက လေ့လာဆည်းပူးခွင့်ရခဲ့ခြင်းကြောင့်ပင်။ သူအသက်(၈)နှစ်အရွယ်ကတည်းက ပန်းချီကောင်းကောင်း ဆွဲတတ်နေခဲ့ပါပြီ။ သူ့ရဲ့နောက်ထပ်ဝါသနာတစ်ခုကတော့ ချက်ပြုတ်ခြင်းပါ။ ငယ်စဉ်ကတည်းက အဘွားနဲ့အတူနေခဲ့ရတာကြောင့် အဘွားက သူ၏မာမားနှင့်အတူ အချက်အပြုတ်တွေကို စနစ်တကျသင်ကြားပေးတာကြောင့် အစားအစာမျိုးစုံကို သူချက်ပြုတ်နိုင်ပါသည်။ သူ အထက်တန်းကျောင်းပြီးတော့ Modern International Art Design Academy of CTBU မှာ တက်ရောက်ခဲ့ပြီး Graphic Designer တစ်ယောက်ဖြစ်လာခဲ့၏။
ဓာတ်ပုံကောင်းကောင်းရိုက်တတ်သောသူက ကောလိပ်တက်နေစဉ် ဓာတ်ပုံဆိုင်လေး ဖွင့်ခဲ့ဖူးသည်။ ကောလိပ်တက်စဉ် သူ၏အချစ်ဦးမိန်းကလေးနှင့် ဆုံတွေ့ခွင့်ရခဲ့သော်လည်း သဘောထားချင်းမတိုက်ဆိုင်၍ လမ်းခွဲခဲ့ရ၏။ နောက်ပိုင်း အချစ်ရေးကို သူ စိတ်မဝင်စားတော့ပါ။ သူ သီချင်းဆိုတာ အလွန်ကောင်းတယ်လို့ သူငယ်ချင်းတွေကပြောကြ၍ ကျောင်းသီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်ခဲ့ရာ ပထမဆုရရှိခဲ့သည်။ ကျောင်းပြီးသည့်နောက်တွင်လည်း အလုပ်လုပ်နေရင်း သီချင်းဆိုပြိုင်ပွဲများတွင် ဝင်ပြိုင်ရာ ဆုတွေရရှိခဲ့ရာမှ သူ့အသက်(၂၅)နှစ်တွင် X-Nine ဟူသောအဖွဲ့၌ Main Vocalistအဖြစ် ပွဲဦးထွက်နိုင်ခဲ့ပါ၏။ အသံကောင်းရုံမက ချောမောလှပသောမျက်နှာနှင့် မြင့်မားလှသောအရပ်အမောင်းတို့ကြောင့် သူ့ကိုအားပေးသည့်ပရိတ်သတ်တွေ များပြားလာခဲ့သည်။ အမြဲတမ်းကြိုးစားနေသူပီပီ တစ်နေ့ထက်တစ်နေ့ပို၍ ကြိုးစားနေလေ့ရှိပြီး နေ့စဉ်တိုင်း အလုပ်ရှုပ်နေရတာကို ကြိုက်နှစ်သက်သူလည်းဖြစ်၏။ ထိုကဲ့သို့သော အကြောင်းအရာနှင့်ကောင်လေးကတော့ ရှောင်းကျန့်ပါပဲ။
💕
YOU ARE READING
💕True Love 💕
FanfictionUnicode ဒါလေးကတော့ ZhanYi BL fanfic ❤️💚🐰🦁လေးပါ။ ဒီတစ်ခါတော့ Same အဖြစ် Xiao Zhanလေးကိုထားပါရစေနော်😊 တကယ်က ပြင်ပမှာ သူတို့နှစ်ယောက်ဟာ YiZhan or ZhanYi ဘာပဲဖြစ်ဖြစ် တိမ်လွှာတို့ဖြစ်စေချင်တာက သူတို့နှစ်ယောက် နီးစပ်ဖို့ပဲလေ🥰 အခု တိမ်လွှာရေးမယ့် Zha...