💕True Love 💕 Ep-4
ZhanYi fanfic ❤️💚
BL 🐰🦁
ညစာစားပြီးသည့်နောက် ညနက်သွား၍ ရိပေါ်ကို ရှောင်းကျန့်အိမ်မှာပဲ အိပ်ခိုင်းလိုက်သည်။ ရိပေါ်ကလည်း ဟန်ဆောင်၍ပင်မငြင်းဘဲ လက်ခံလိုက်၏။(သူ့ကောနဲ့သိပ်မနေချင်ရှာဘူးပဲ😁)
ရှောင်းကျန့်လည်း သူ၏ညအိပ်ဝတ်စုံ တစ်စုံကို ရိပေါ်အားလှမ်းပေးလိုက်သည်။
“ပန်းဆီရောင်လေးပဲ၊ ကောက ဒီလိုအရောင်တွေကြိုက်တာလား”
“ကိုယ်အကြိုက်ဆုံးအရောင်က အနီပါ...ဒါက လက်ဆောင်ရထားတာ”
“အော် ကျွန်တော်က အစိမ်းရောင်အကြိုက်ဆုံးပဲ”
ပန်းဆီရောင် ညအိပ်ဝတ်စုံလေးက ကြည်လင်ဖြူစင်နေသော ရိပေါ်၏ အသားအရေလေးနှင့် အလွန်လိုက်ဖက်လှသည်။
“ကိုယ့်အိမ်မှာ အိပ်ခန်းက တစ်ခန်းပဲရှိတယ်။ ဧည့်သည်လည်းမလာတတ်တော့ အခန်းအပိုမထားခဲ့ဘူး။ အဲဒီတော့ ရိပေါ်က အခန်းထဲအိပ်လိုက်၊ ကိုယ်က ဧည့်ခန်းကဆိုဖာပေါ်မှာပဲ Jian Guo နဲ့အတူအိပ်လိုက်မယ်”
Jian Guoဆိုတာက ရှောင်းကျန့်မွေးထားသော ကြောင်မလေးဖြစ်သည်။ ရိပေါ်လည်း ကြောင်လေးတွေကို ချစ်ပေမယ့် အမွှေးကျွတ်တာကို သဘောမကျ၍ မမွေးဖြစ်ခြင်းပင်။
“မဟုတ်တာ ကောကလည်း ကျွန်တော်ပဲ ဆိုဖာမှာအိပ်လိုက်မယ်”
“တော်ပါပြီ... နှစ်ယောက်လုံးအိပ်ခန်းမှာပဲ အိပ်ကြပါစို့၊ ခုတော့ ဆိုဖာမှာခဏထိုင်ရင်း မနက်ဖြန်အတွက် ဇာတ်ညွှန်းလေ့ကျင့်ရအောင်နော်”
“အင်း”
ဇာတ်ညွှန်းဖတ်ပြီး Dialogueတွေသေချာလေ့ကျင့်ရင်း ရိပေါ်က ရှောင်းကျန့်ကိုကြည့်ရင်း
“ကော ခုနက…..”
“ခုနက…?”
ရိပေါ် သူ့နှုတ်ခမ်းလေးကိုအသာကိုင်လိုက်ပြီး
“ဟို ကောနဲ့ကျွန်တော်…..”
“ကိုယ်... မင်းကိုချစ်နေမိပြီ ရိပေါ်”
ရုတ်တရက် ရိပေါ်လက်ကလေးကိုကိုင်လိုက်ပြီး ချစ်ရေးဆိုလာသော ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ် ဆွံ့အသွားမိ၏။ ရှောင်းကျန့်ဆိုသော လူသားလေးကို သူကစပြီးချစ်ခဲ့ရပေမယ့် LGBTကိုလက်ခံခြင်းမရှိသော သူတို့နိုင်ငံမှာ လိင်တူချင်းချစ်ခွင့်မရှိတာကြောင့် သူ့ခံစားချက်တွေကို တိတ်တဆိတ်သိမ်းဆည်းထားခဲ့သည်။ ကျန့်ကောရိပ်မိသွားခဲ့လျှင် သူ့အပေါ်ခင်မင်စိတ်ပါလျော့သွားမည်စိုးတာကြောင့် ရိုက်ကွင်းမှာလည်း မသိမသာခိုးခိုးကြည့်ရင်း ဂရုစိုက်မှုလေးတွေပဲ ပေးနိုင်ခဲ့၏။ ငယ်ငယ်ကတည်းက အခုအသက်အရွယ်အထိ ချစ်ရမည့်သူ မတွေ့ဖူးသေးသူ ရိပေါ်အတွက် ရှောင်းကျန့်ကသာ အချစ်ဦးနှင့် အချစ်ဆုံးဖြစ်မည်။ ယခုတော့ သူတိတ်တခိုးချစ်ခဲ့ရတဲ့ လူသားလေးက သူ့ကိုချစ်နေပါတယ်တဲ့… သူဘယ်လောက်များ ကံကောင်းလိုက်ပါသလဲ။
YOU ARE READING
💕True Love 💕
FanfictionUnicode ဒါလေးကတော့ ZhanYi BL fanfic ❤️💚🐰🦁လေးပါ။ ဒီတစ်ခါတော့ Same အဖြစ် Xiao Zhanလေးကိုထားပါရစေနော်😊 တကယ်က ပြင်ပမှာ သူတို့နှစ်ယောက်ဟာ YiZhan or ZhanYi ဘာပဲဖြစ်ဖြစ် တိမ်လွှာတို့ဖြစ်စေချင်တာက သူတို့နှစ်ယောက် နီးစပ်ဖို့ပဲလေ🥰 အခု တိမ်လွှာရေးမယ့် Zha...