💕 True Love 💕 Ep-2
ZhanYi fanfic ❤️💚
BL fic 🐰🦁
The Untamed ဇာတ်လမ်းကန်တော့ပွဲနေ့အထိ သူတို့ ရင်းနှီးမှုသိပ်မရှိကြသေး။ ထူးဆန်းသော ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ရမည်ဖြစ်၍ နှစ်ယောက်သား ရှိန်နေကြခြင်းပဲလားတော့မသိပေ။ နောက်ပိုင်း ဇာတ်လမ်းတွဲရိုက်ကူးရေးစတင်ပြီး ရက်အနည်းငယ်ကြာသောအခါမှ ငယ်စဉ်ကတည်းက လည်ပင်းဖက်ကြီးပြင်းလာကြသူတွေကဲ့သို့ပင် ခင်မင်ရင်းနှီးလာကြသည်။ ရှောင်းကျန့်မှာ ဝမ်ရိပေါ်ထက် အသက် ၆နှစ်ကြီးသော်လည်း အသက်အရွယ်ခြားနားမှုက သူတို့နှစ်ယောက်ရဲ့ ရင်းနှီးကျွမ်းဝင်မှု၌ အခက်အခဲမဖြစ်စေခဲ့ပါ။
“ရိပေါ် ငါ မင်းကိုအားကျလိုက်တာ”
ရိုက်ကွင်းခဏနားစဉ် ကောက်ခါငင်ကာပြောလိုက်သော ရှောင်းကျန့်စကားကြောင့် ဝမ်ရိပေါ် ရေသောက်နေရင်း အံ့ဩသွားကာ
“ဘာကိုလဲ ကျန့်ကော”
“ဒီမှာလေ ငါက ဖူလီဖာလာအများကြီးပြောရပေမယ့် မင်းပြန်ပြောရတာ အင်း ဆိုတာလေးပဲ”
Dialogueစာမျက်နှာကိုပြရင်းပြောတဲ့ ရှောင်းကျန့်ကိုကြည့်ရင်း ဝမ်ရိပေါ်ရယ်လိုက်မိသည်။
“ကျွန်တော့်မှာ ဘာပြောစရာမှမပါလို့ အိမ်မှာဘာလေ့ကျင့်ရမှန်းမသိဘူးလေ”
“ကောင်းလိုက်တာ၊ ဒါပေမယ့် ရိပေါ်ကတော်ပါတယ်”
“ဘာတော်တာလဲ”
“စကားပြောမပါဘဲ မျက်လုံးတို့ ဟန်အမူအယာတို့နဲ့ပဲ သရုပ်ဆောင်ရတာလွယ်တာမှမဟုတ်တာ”
ဤကဲ့သို့ ကြံဖန်၍လည်း ချီးကျူးတတ်သော ကျန့်ကောကို ရိပေါ်သဘောကျမိသည်မှာ အဆန်းတော့ မဟုတ်ပါ။
Interviewတွေအတူဖြေရတိုင်းလည်း ရိပေါ်ကိုချီးကျူးပေးတတ်သည့် ကျန့်ကောပင်။
“ကျန့်ကောကိုတော့မမီပါဘူးနော်။ ရုပ်လည်းချော အသံလည်းကောင်း သရုပ်ဆောင်လည်းတော်”
“စလာပြီလား”
သူ့ကိုချီးကျူးတိုင်း 'စလာပြီလား'ဟုဆိုကာ ရှက်ပြုံးလေးပြုံးနေတတ်သည့် ရှောင်းကျန့်ကို ရိပေါ်အသည်းယားလာမိသည်။
“တကယ်ပြောတာ ကောကအရမ်းတော်တယ်”
“ရိပေါ်ကရော ဘာမတော်လို့လဲ၊ ငါ့ထက်တောင်ပိုတော်သေး၊ အကစွမ်းရည်လေ အရမ်းကောင်းတယ်”
“အဲ့ဒါငယ်ငယ်ကတည်းက လေ့ကျင့်ခဲ့ရလို့ပါ။ ကျန့်ကောလည်း လေ့ကျင့်ခဲ့ရင် ကျွန်တော့လောက်တော့ အသာလေးနေမှာ”
“ခုမှစပြီးလေ့ကျင့်ရင်တော့ အသက်ကြီးနေပါပြီ”
“အသက်ကြီးမှန်းမသိသာပါဘူး။ နောက်လည်း ဒီအတိုင်းပဲနေမှာ”
“ကလေးလေးကတော့နော်၊ ငါ့ကိုလိုက်မြှောက်နေ”
“လာပြန်ပြီ ဒီကလေးလေး ၆နှစ်ကွာတာလေးနဲ့ လူကြီးဖြစ်ချင်နေတာ”
သူ့ကိုကလေးလေးဟုခေါ်လျှင်မကြိုက်သောရိပေါ်က နှုတ်ခမ်းစူတော့သည်။ ရိပေါ်စိတ်ဆိုးလာလျှင် ပါးလေးပါဖောင်းလာတတ်ရာ ရှောင်းကျန့်လည်း ရိပေါ်၏ဖောင်းနေသော ပါးလေးကို ချစ်စနိုးနဲ့ဆွဲလိမ်လိုက်မိ၏။
“ကျန့်ကော မလုပ်နဲ့ နာတယ်”
“ဒါဆို စိတ်ဆိုးဦးမှာလား”
“မဆိုးတော့ဘူး၊ ဒါပေမယ့် နောက်တခါကလေးလေးလို့မခေါ်နဲ့တော့”
“ဟုတ်ကဲ့ပါ လူကြီးလေး”
နှစ်ယောက်သား ပြိုင်တူ ရယ်မောလိုက်ကြသည်။ ကျန့်ကောနဲ့အတူရှိရချိန်များသည် ရိပေါ်အတွက် အပျော်ဆုံးအချိန်များဖြစ်၏။ အမြဲတမ်းလိုလို မျက်နှာတည်တည်နဲ့နေတတ်ပြီး စကားနည်းသူ ရိပေါ်က ကျန့်ကောနှင့်ဆိုလျှင် ပြုံးရွှင်နေပြီး စကားတွေများနေတတ်သည်။ ရိုက်ကွင်းနားချိန်များမှာလည်း နှစ်ယောက်သား စလိုက် နောက်လိုက်နှင့် ပျော်နေကြသည်။ တစ်ယောက်တည်းရိုက်ရသော နေ့ရက်များ၌ ရိပေါ်မှာ သူ၏ပင်ကိုမူလပုံစံအတိုင်း ကျောက်ရုပ်တစ်ရုပ်လိုဖြစ်နေတတ်ပြီး ရှောင်းကျန့်မှာလည်း တစ်ယောက်တည်းအလုပ်လုပ်ရသော နေ့ရက်များ၌ သိပ်ပျော်ရွှင်ပုံမရ၍ အတူအလုပ်လုပ်သူများကပင် စနောက်ရသည်အထိ သူတို့နှစ်ယောက်၏ သံယောဇဉ်ထုထည်ဟာ ကြီးမားလာခဲ့ပါ၏။
💕 💕 💕To be continued 😊
တိမ်လွှာဖြူ☁️
နောက်ထပ်အပိုင်းတွေမှာတော့ တိမ်လွှာ့စိတ်ကူးတွေပိုများလာမယ်နော် 🥰 ပြီးခဲ့တဲ့နှစ်ပိုင်းထဲမှာလည်း စိတ်ကူးယဉ်တွေရောထားတာပါပဲ😁
YOU ARE READING
💕True Love 💕
FanfictionUnicode ဒါလေးကတော့ ZhanYi BL fanfic ❤️💚🐰🦁လေးပါ။ ဒီတစ်ခါတော့ Same အဖြစ် Xiao Zhanလေးကိုထားပါရစေနော်😊 တကယ်က ပြင်ပမှာ သူတို့နှစ်ယောက်ဟာ YiZhan or ZhanYi ဘာပဲဖြစ်ဖြစ် တိမ်လွှာတို့ဖြစ်စေချင်တာက သူတို့နှစ်ယောက် နီးစပ်ဖို့ပဲလေ🥰 အခု တိမ်လွှာရေးမယ့် Zha...