Ep-6(Unicode)

312 13 0
                                    

💕True Love 💕 Ep-6

ZhanYi fanfic ❤️💚

BL fic 🐰🦁

Beijingကနေ Chong Qingရောက်ရန်ကားမောင်းသွားလျှင် တစ်ရက်လောက်အချိန်ပေးရပေမယ့် လေယာဉ်နှင့်သွားလျှင် ၃နာရီကျော်လောက်သာစီးရသည်။ သို့ပေမယ့် ရှောင်းကျန့်က ရိပေါ်နှင့်အတူ နှစ်ယောက်တည်း အေးအေးဆေးဆေးသွားချင်၍ ကားမောင်းသွားရန်တွေးမိခြင်းဖြစ်၏။ တစ်ယောက်တည်း မောင်းလျှင်ပင်ပန်းသောကြောင့် ရိပေါ်ပါတစ်လှည့်မောင်းပေးရသည်။

       “ကျန့်ကော flightနဲ့တော့မသွားဘူး”

       “ကိုယ်က ရိပေါ်နဲ့နှစ်ယောက်တည်းသီးသန့်သွားချင်လို့ပါ၊ အေးအေးဆေးဆေးပေါ့၊ Shootingလည်း သုံးရက်လောက်ဖျက်လိုက်ပြီမလား”

       “ဖျက်ရတာပေါ့၊ Chong Qingထိသွားမှာဆိုတော့ တစ်ရက်လောက်ကတော့ လမ်းမှာအချိန်ကုန်မှာလေ”

      “ကလေးလေးကအရမ်းတော်တာပဲ”

      “ဒါနဲ့ ကျန့်ကော Chong Qingမရောက်ခင်တစ်နေရာဝင်ရအောင်”

      “ဘယ်ဝင်မှာလဲ….Hotelလား”

      “လုပ်ပြီ ကျန့်ကောကတော့…၊ Chong Qingမရောက်ခင် Henanအရင်ရောက်မှာလေ၊ ကျွန်တော့်အိမ်အရင်ဝင်ရအောင်လို့”

      “ဟုတ်သားပဲ၊ ရိပေါ်ကHenanကပဲ။ အိမ်ကိုကြိုပြောထားလား”

      “မပြောဘူးလေ၊ Surpriseပေါ့”

      “ကောင်းပါပြီဗျာ…ရိပေါ်သဘောပါ”

ညဘက်ခဏနားပြီး ဆက်မောင်းလာကြရာ မနက်စောစောမှာ Henanသို့ရောက်လာပါ၏။ Henanနယ်မှာရှိသည့် Luoyangမြို့လေးရှိ ရိပေါ်အိမ်သို့ရောက်ရှိချိန်မှာ ရိပေါ်၏မိဘများမှာ အလွန်အံ့ဩပျော်ရွှင်သွားကြသည်။ ရှောင်းကျန့်ပါ ပါလာသောကြောင့် ပိုဝမ်းသာနေကြ၏။

       “ပေါ်ပေါ် လာမယ်ဆိုကြိုမပြောဘူး သားရယ်”

       “အစကအစီအစဉ်မရှိဘူး၊ Chong Qingသွားရင်းဝင်လာခဲ့တာပါ မား”

       “Chong Qingကိုကားနဲ့ ကိုယ်တိုင်မောင်းလာတာ ပင်ပန်းမှာပေါ့သားတို့ရယ်”

       “ကျန့်ကောပါ မားရယ်၊ သူ့သဘောပါ”

       “သတင်းတွေထွက်နေတာတွေ့တယ်၊ တကယ်လား ပေါ်ပေါ်လေး”

💕True Love 💕Where stories live. Discover now