Ep-10(Unicode)

282 11 0
                                    

💕 True Love 💕Ep-10

ZhanYi fanfic ❤️💚

BL fic 🐰🦁

Baijingသို့ပြန်ရောက်ပြီးနောက် ရှောင်းကျန့်နှင့် ဝမ်ရိပေါ်တို့ အလုပ်တွေဆက်တိုက်လုပ်နေရသောကြောင့် အားလပ်ချိန်ပင်မရှိလောက်အောင်ဖြစ်နေကြသည်။ ညတိုင်း Video Callခေါ်ဖို့ပင် မအားလပ်သည့်နေ့ရက်များရှိနေတာကြောင့် ဖုန်းပြောခွင့်ပင် နေစဉ်မရ။ ရိုက်ကွင်းခဏနားချိန်တွေမှာလည်း အခြားလူတွေနှင့်အတူရှိနေတာကြောင့် လွတ်လပ်စွာ ဖုန်းပြော၍မရပေ။ Messageလေးသာ လူတွေအလစ်မှာ ခိုးခိုးပို့နေရသည်။

သည်လိုနှင့်နေလာရင်း မတွေ့ရသည်မှာ လနှင့်ချီကြာသွားခဲ့ပါသည်။ Video Callပြောခွင့်ရချိန်တိုင်း တစ်ယောက်မျက်နှာတစ်ယောက် အဝကြည့်ကာ အလွမ်းဖြေနေရသည်။ ချစ်လျက်နှင့် စိတ်ရှိအတိုင်း တွေ့ခွင့်မရသော အခြေအနေမှာ အလွန်ဆိုးလှပါသည်။
ရှားရှားပါးပါး အားလပ်ရက်ရလာ၍ ဝမ်ရိပေါ်ပျော်နေမိပါသည်။ ဒါရိုက်တာနေမကောင်းဖြစ်နေသည်ကို စိတ်မကောင်းဖြစ်မိသော်လည်း ရိုက်ကွင်းနှစ်ရက်လောက်နားရမှာကို ပျော်နေမိခြင်းပင်။

အရင်တစ်ခါ ရှောင်းကျန့် သူ့ကိုSurpriseလာလုပ်သည်အား တွေးမိရင်း ဒီတစ်ခါတော့ ဝမ်ရိပေါ်တစ်ယောက် ရှောင်းကျန့်ကို Surpriseလုပ်ရန် စီစဉ်နေမိပါသည်။

      “ရှောင်းကျန့် ပင်ပန်းနေပြီလား”

ရိုက်ကွင်းမှာ ခြေပစ်လက်ပစ်ထိုင်နေသော ရှောင်းကျန့်ကို ဒါရိုက်တာကမေးနေခြင်းဖြစ်သည်။ ရှောင်းကျန့်လည်း ခန္ဓာကိုယ်ကိုပြန်မတ်လိုက်ရင်း ပြုံးလိုက်ကာ

      “အရမ်းတော့မပင်ပန်းပါဘူး ခဏလေး လွတ်လွတ်လပ်လပ်နားလိုက်တာပါ”

ရှောင်းကျန့်ဆိုသည်မှာ အလုပ်တွေရှုပ်နေလျှင် ပျော်နေတတ်သော လူတစ်ယောက်ဖြစ်တာကြောင့် ပင်ပန်းသည်ဟု ဘယ်တော့မှ မညည်းညူတတ်ပေ။ အမြဲတမ်း တက်တက်ကြွကြွကြိုးစားနေသူအဖြစ် အတူအလုပ်တွဲလုပ်ဖူးသူတိုင်းက ပြောစမှတ်ပြုကြသည်။

      “ရှောင်းကျန့် ....ဧည့်သည်လာတယ်”

ရိုက်ကွင်းမှ ဝန်ထမ်းတစ်ယောက်က လာပြောတာကြောင့် ရှောင်းကျန့်လည်းလှည့်ကြည့်လိုက်ရာ

💕True Love 💕Where stories live. Discover now