Ep-3(Unicode)

395 17 0
                                    

💕 True Love 💕 Ep-3

ZhanYi fanfic ❤️💚

BL🐰🦁

ယနေ့ရိုက်ကွင်းနားရက်ဖြစ်၍ ရှောင်းကျန့် အချိန်အကြာကြီး အိပ်နေမိသည်။ နေ့စဉ်ရက်ဆက် ရိုက်ကွင်းစောစောသွားရ၍ ယနေ့တော့ အပြည့်အဝအနားယူနေခြင်းပင်။ အိပ်ရာမှနိုးနေပေမယ့် အိပ်ရာထဲမှာ ဟိုဘက်လှိမ့် သည်ဘက်လှိမ့်နဲ့ ဇိမ်ယူနေစဉ် ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ ‘ဝမ်ရိပေါ်’…..။

       “ဟယ်လို ရိပေါ်”

       “ကျန့်ကော အိပ်ရာထပြီလား”

       “အိပ်နေတုံးပဲ ခုထိ”

       “အိပ်ပုတ်လေးပဲ”

       “အမယ် ဒီနေ့တစ်ရက်ပဲ အိပ်ရတာပါနော်”

       “ဟုတ်ပါပြီ ကျွန်တော်ရိုက်ကွင်းခဏနားချိန်လေး ဖုန်းဆက်လိုက်တာ သတိရလို့”

ဝမ်ရိပေါ်က ရိုးရိုးလေးပဲ သတိရလို့ဆိုပြီးပြောလိုက်သောစကားကြောင့် ရှောင်းကျန့်ရင်တွေခုန်လာမိသည်က ဘာကြောင့်ရယ်မသိပါ။ ပါးစပ်ကနေလေကို ဟူးကနဲမှုတ်ထုတ်လိုက်ပြီး စိတ်ထိန်းကာ

      “မတွေ့ရတာမှ တစ်ရက်ပဲရှိသေးတယ်လေ”

      “အင်း ဒါပေမယ့် ကျွန်တော်က ကျန့်ကောနဲ့ နေ့တိုင်းတွေ့ချင်နေတာ”

ကလေးလေးက ထိုကဲ့သို့ချစ်ဖို့ကောင်းပါသည်။ ရှောင်းကျန့်လည်း ပြုံးလိုက်ပြီး

      “ကိုယ်လာခဲ့ရမလား ရိုက်ကွင်းကို”

      “လျှောက်မပြောပါနဲ့ ကျန့်ကောလား လာလည်မှာ”

      “လာလည်ချင်ပါတယ်၊ သူများတွေတစ်မျိုးပြောကြမှာစိုးလို့ပါ။ ဒါနဲ့ ရိပေါ် ညနေဘက်အားလား”

       “အင်း ရိုက်ကွင်းက နေ့လည်ထိပဲ ညနေအားတယ် ဘာလဲ ကျွန်တော့်ကို ညစာလိုက်ကျွေးမလို့လား”

       “အင်း လိုက်ကျွေးမှာတော့မဟုတ်ဘူး။ ကိုယ့်အိမ်ကိုလာခဲ့ အိမ်မှာ ကိုယ်ချက်ကျွေးမယ်”

       “တကယ်နော်”

       “တကယ်ပေါ့ လာမှာလား”

ရိုက်ကွင်းမှ ‘ဝမ်ရိပေါ် လာတော့ ရိုက်ကွင်းစတော့မယ်’ ဟုအော်ခေါ်နေသံများကြားမှာ ရိပေါ်က ကျန့်ကောကို သေချာအောင်ထပ်မေးသွားသေးသည်။

💕True Love 💕Where stories live. Discover now