💕True Love💕Ep-12
ZhanYi fanfic ❤️💚
BL fic 🐰🦁
“ရိပေါ်…ရိပေါ် ကိုယ်ပြောတာကိုနားထောင်ပါဦးကွာ”
ရိပေါ်ကိုယ်လုံးလေးကို ရှောင်းကျန့်နောက်မှသိုင်းဖက်လိုက်ကာ ပြောလိုက်ခြင်းဖြစ်သည်။ ရိပေါ်ရုန်းနေပေမယ့် လွတ်ထွက်မသွားအောင် ရှောင်းကျန့်တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။
“ကျွန်တော့်ကိုလွှတ်ပါ… ကျွန်တော့်ကိုနောက်ထပ် ဝေဒနာတွေမပေးချင်ပါနဲ့တော့ဗျာ၊ ကျွန်တော်တောင်းပန်ပါတယ်”
ငိုရှိုက်ရင်းပြောနေသော ရိပေါ်ကိုရှောင်းကျန့် မျက်နှာချင်းဆိုင်ဖြစ်သွားစေရန် ကိုယ်လုံးလေးကို အသာလှည့်လိုက်သည်။ မျက်ရည်တဖြိုင်ဖြိုင်ကျနေသော ရိပေါ်မျက်လုံးလေးများမှာ မို့ဖောင်းနေသည်။ နှာခေါင်းထိပ်လုံးလုံးလေးမှာလည်း နီရဲနေပြီး စိတ်ဆိုးဆိုးနှင့်သွားနှင့်ကိုက်ထားပုံရသော နှုတ်ခမ်းဖူးဖူးလေးမှာလည်း ရဲတွတ်နေလေပြီ။ ရိပေါ်ထံမှ အရက်နံ့လည်း ရနေသည်ဖြစ်၍ တစ်နေ့လုံး အရက်သောက်ကာငိုကြွေးနေကြောင်း ရှောင်းကျန့်သိလိုက်ပါသည်။
ရိပေါ်ကို ယခုလိုတွေ့မြင်ရခြင်းအတွက် သူ့ကိုယ်သူဒေါသထွက်မိသည်။ သူ့ကြောင့် သူ့ချစ်သူယခုလိုခံစားရခြင်းမဟုတ်ပါလား။ ရှောင်းကျန့်မခံစားနိုင်စွာပဲ ရိပေါ်ကိုယ်လုံးလေးကိုလွှတ်ပေးပြီး မျက်နှာချင်းဆိုင်ရှိနံရံကို လက်သီးဖြင့်ပြေးထိုးမိသည်။ နံရံမှာရှိနေသော အုတ်ရိုက်သံပေါ်သို့ ထိုးမိပြီး ရှောင်းကျန့်လက်မှ သွေးများဖြာကျလာ၏။ ထိုအချင်းအရာကိုမြင်လိုက်ရသည့် ရိပေါ်က တစ်ဒင်္ဂမင်သက်မိနေပြီးမှ
“ကျန့်ကော…ကျန့်ကော ဘယ်လိုဖြစ်တာလဲ၊ ကျွန်တော့်ကိုပြပါဦး၊ သွေးတွေအများကြီးပဲ”
ရိပေါ် အငိုတိတ်သွားပြီး ချက်ချင်းပျာယာခတ်သွားရသည်။ ဆေးသေတ္တာပြေးယူကာ ရှောင်းကျန့်လက်ကလေးကို တယုတယဖြင့် ဆေးထည့်ပေး၏။ ရှောင်းကျန့်မှာ သူ့အပေါ်ကို အလွန်ချစ်သောချစ်သူကိုကြည့်ရင်း မျက်ရည်တို့လိမ့်ဆင်းလာသည်။ ရိပေါ်က ရှောင်းကျန့်၏ဒဏ်ရာကိုဆေးထည့်ပေးကာ လေဖြင့်မှုတ်ပေးရင်း ရှောင်းကျန့်ကိုမော့ကြည့်လာ၏။
YOU ARE READING
💕True Love 💕
Fiksi PenggemarUnicode ဒါလေးကတော့ ZhanYi BL fanfic ❤️💚🐰🦁လေးပါ။ ဒီတစ်ခါတော့ Same အဖြစ် Xiao Zhanလေးကိုထားပါရစေနော်😊 တကယ်က ပြင်ပမှာ သူတို့နှစ်ယောက်ဟာ YiZhan or ZhanYi ဘာပဲဖြစ်ဖြစ် တိမ်လွှာတို့ဖြစ်စေချင်တာက သူတို့နှစ်ယောက် နီးစပ်ဖို့ပဲလေ🥰 အခု တိမ်လွှာရေးမယ့် Zha...