💕 True Love 💕Ep-9
ZhanYi fanfic ❤️💚
BL fic 🐰🦁
အိမ်ပြန်ရောက်တော့ ရှောင်းကျန့်ဘွားဘွားက သူတို့နှစ်ယောက်ကိုစောင့်ကြိုနေပါသည်။
“မြေးလေးကျန့်ကျန့် ပြန်လာပြီလား၊ ဘယ်မှာလဲ ငါ့မြေးသမက်လေး”
မြေးသမက်လေးဟူသောအပြောကြောင့် ဘွားဘွားကို ပါးနှင့်မားပြောပြီးပြီဖြစ်ကြောင်း ရှောင်းကျန့်သိလိုက်ပါ၏။ ကားပေါ်မှဆင်းလာသော ဝမ်ရိပေါ်၏လက်ကလေးများကို ရှောင်းကျန့်ဘွားဘွားကနွေးထွေးစွာဆုပ်ကိုင်ပြီး
“မြေးလေးက TVထဲမှာထက် အပြင်မှာပိုချစ်စရာကောင်းတာပဲနော်”
ဝမ်ရိပေါ်လည်းကြည်နူးစွာပြုံးလိုက်ရင်း ဘွားဘွားကိုနှုတ်ဆက်လိုက်သည်။
“ကျေးဇူးပါ ဘွားဘွား၊ သားနာမည် ဝမ်ရိပေါ်ပါ”
“ကျန့်ကျန့်နဲ့ဇာတ်လမ်းတူတူရိုက်ကတည်းက ဘွားက မြင်ဖူးပြီးသားပါ”
“ဘွား... ဘယ်လိုလဲ.. သားချစ်သူချောတယ်မလား”
ရှောင်းကျန့်ကပြုံးစိစိနှင့်ဝင်ပြောခြင်းပင်။ ဘွားဘွားက ရှောင်းကျန့်လက်မောင်းကိုညင်သာစွာ လှမ်းရိုက်ရင်း
“ဒီကောင်လေးကတော့နော်၊ ချောတာပေါ့၊ ဘွားမြေးသမက်လေးပေါ်ပေါ်ကချစ်စရာလည်းကောင်းတယ်”
“ပေါ်ပေါ်တောင်ဖြစ်သွားပြီ ဘွားကတော့”
“ဒါပေါ့ အရင်က ဘွားမှာမြေးကျန့်ကျန့်တစ်ယောက်ပဲ ရှိခဲ့တာ၊ ခုတော့ မြေးပေါ်ပေါ်လေးပါတိုးလာပြီဆိုတော့ ပျော်နေတာ”
“ရိပေါ် ကိုယ်ပြောခဲ့တယ်နော်၊ ဘွားဘွားကလည်းချစ်မှာပါလို့”
အသက်ကြီးသူဖြစ်သော်လည်း ခေတ်မီစွာပင် သူတို့နှစ်ယောက်ကို လက်ခံကြည်ဖြူပေးနေသော ရှောင်းကျန့်၏ဘွားဘွားကိုကြည့်ပြီး ရိပေါ်အလွန်ပျော်ရွှင်နေမိပါသည်။ မိသားစုနှစ်စုလုံး၏ လက်ခံအားပေးမှုကိုရရှိခဲ့၍ သူတို့နှစ်ယောက်ပျော်ရွှင်မှုမှာ အတိုင်းမသိပင်။
YOU ARE READING
💕True Love 💕
FanfictionUnicode ဒါလေးကတော့ ZhanYi BL fanfic ❤️💚🐰🦁လေးပါ။ ဒီတစ်ခါတော့ Same အဖြစ် Xiao Zhanလေးကိုထားပါရစေနော်😊 တကယ်က ပြင်ပမှာ သူတို့နှစ်ယောက်ဟာ YiZhan or ZhanYi ဘာပဲဖြစ်ဖြစ် တိမ်လွှာတို့ဖြစ်စေချင်တာက သူတို့နှစ်ယောက် နီးစပ်ဖို့ပဲလေ🥰 အခု တိမ်လွှာရေးမယ့် Zha...