Ep-5(Unicode)

331 17 0
                                    

💕True Love 💕 Ep-5

ZhanYi fanfic ❤️💚

BL 🐰🦁

The Untamed ဇာတ်လမ်းရိုက်ကွင်းလေးမှာ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ရှောင်းကျန့်နှင့် ဝမ်ရိပေါ်တို့၏ တွေ့ဆုံရချိန်မှာလည်း တဖြည်းဖြည်းနှင့်နည်းပါးလာရသည်။ နှစ်ယောက်လုံး နေ့စဉ်အချိန်ဇယားများအပြည့်ဖြစ်နေ၍ ညစဉ် ဖုန်းပြောရန်လည်း အချိန်မပေးနိုင်ပေ။ We Chatမှာ အပြန်အလှန် ပုံတွေပို့ဖြစ်သည်ကလွဲ၍ အဆက်အသွယ်မရသကဲ့သို့ပင်။ ရံဖန်ရံခါ Fan Meeting များ၊ ဆုပေးပွဲများတွင် တွေ့ခွင့်ရသော်လည်း လူအများရှေ့မှာဖြစ်၍ လွတ်လွတ်လပ်လပ်တွေ့ခွင့်မရ။ ရှောင်းကျန့်က အသက်ကြီးသူမို့ ထိန်းချုပ်နိုင်ပေမယ့် ဝမ်ရိပေါ်မှာ စိတ်အလိုမကျဖြစ်ပြီး မျက်နှာမှာ လန်းလန်းဆန်းဆန်းဖြစ်မနေပါ။ အင်တာဗျူးဖြေရချိန် MCက သူတို့နှစ်ယောက်၏ဆက်ဆံရေးအကြောင်းမေးရာ ဝမ်ရိပေါ်စိတ်ရှိလက်ရှိ အမှန်အတိုင်း ဖြေပစ်လိုက်ချင်နေသောကြောင့် ရှောင်းကျန့်ကသာ ထိန်းထိန်းသိမ်းသိမ်းဖြေပေးနေရသည်။

      “ကျန့်ကော ကျွန်တော်တို့မတွေ့ရတာအရမ်းကြာနေပြီနော်”

      “ဟုတ်တယ်၊ ဒီရက်ပိုင်း ကိုယ်လည်း ဇာတ်လမ်းတွဲတစ်ခုရိုက်နေရတယ်လေ၊ ရိပေါ်လည်း ဇာတ်လမ်းတွဲရိုက်နေရတာပဲမလား”

       “အင်း ကျွန်တော်...ကျန့်ကောကိုအရမ်းလွမ်းတာပဲ၊ ကျန့်ကောကတော့ နေနိုင်သူမို့ ဘာမှဖြစ်မယ်မထင်ပါဘူး”

      “ဘယ်သူပြောလဲ ကိုယ်လည်း ရိပေါ်ကို နေ့တိုင်းလွမ်းနေခဲ့ရတာပါ”

ယနေ့တစ်ရက်သာ ရှားရှားပါးပါး နှစ်ယောက်တည်း သီးသန့်တွေ့ခွင့်ရသောကြောင့် ရိပေါ် ပျော်ရွှင်နေမိသည်။ သူတို့အဖြစ်က အပြန်အလှန်ချစ်နေကြသော်လည်း ခိုးကြောင်ခိုးဝှက်တွဲနေရသည့် အဖြစ်မျိုးမို့ စိတ်တွေမွန်းကြပ်ရ၏။ အစကတည်းက ဤကဲ့သို့ အချစ်ရေးကိုမစခဲ့မိလျှင်အကောင်းသား။ ယခုမှတော့ နောက်ဆုတ်၍မရတော့။ သူတို့နှစ်ဦးလုံး၏နှလုံးသားထဲ၌ ချစ်ခြင်းတို့အမြစ်တွယ်နေခဲ့ပြီလေ။

      “ကျန့်ကော….ဟိုနေ့က ဇာတ်လမ်းတွဲထဲကမင်းသမီးနဲ့ညစာအတူစားခဲ့တာဆို”

💕True Love 💕Where stories live. Discover now