💕 True Love 💕Ep-7
ZhanYi fanfic ❤️💚
BL 🐰🦁
ရှောင်းကျန့်နှင့်ရိပေါ်တို့ Chong Qingမြို့ကိုရောက်ချိန်မှာ ညအချိန်ရောက်နေပြီဖြစ်၏။ ရှောင်းကျန့်ဖုန်းဆက်ထား၍ ပါးနှင့်မားက အိမ်ရှေ့ကနေ ဆီးကြိုနေကြသည်။
“ပါး... မား... အေးနေမှာပေါ့ အိမ်ထဲကမစောင့်နေဘဲနဲ့”
“သားကျန့်ရဲ့မားက ညနေလောက်ကတည်းကမျှော်နေတာလေ”
ပါး၏အပြောကြောင့် ရှောင်းကျန့်ပြုံးလိုက်ရင်း မားကိုဖက်လိုက်သည်။
“Wow! သားမားမားကိုဖက်လိုက်ရင်အမြဲနွေးနေတာပဲ”
“အသက်ပဲကြီးနေပြီ၊ ခုထိကလေးလိုချွဲနေတုံးပဲ သားကျန့်”
ရှောင်းကျန့်တို့မိသားစုလေးကိုကြည့်ပြီး ရိပေါ်ပြုံးနေမိသည်။ စိတ်ထဲမှလည်း သဘောကျကာ ရှောင်းကျန့်၏မားနှင့်ပါးကို သူ၏မားနှင့်ပါးလိုခံစားလိုက်ရသည်။
“ရိပေါ် ...လာလေ၊ အိမ်ထဲရောက်မှ သေချာမိတ်ဆက်ပေးမယ်”
ရိပေါ်လည်း ခေါင်းညိတ်ပြရင်း အိမ်ထဲလိုက်ဝင်လာခဲ့သည်။
“ပါး... မား... သူက ဝမ်ရိပေါ်ပါ”
“ပါးက ဝမ်ရိပေါ်teamကိုအားပေးခဲ့တာနော်”
“ဗျာ”
"Street dance of Chinaလေ”
“အာ ဟုတ်ကဲ့ ကျေးဇူးပါဗျ”
ရုတ်တရက်ကြောင်သွားသော ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်သဘောကျကာရယ်လိုက်ရင်း စကားထောက်ပေးလိုက်မှ ရှောင်းကျန့်ပါး၏အပြောကိုသဘောပေါက်သွားသည်။
“မားကလည်း ရိပေါ်fanပါနော်”
“ဟုတ်ကဲ့၊ ကျေးဇူးပါ”
စိတ်ထဲကရှိသလိုပြောဆိုတတ်သော ကလေးလေးက လူကြီးမိဘတွေရှေ့မှာတော့ ချိုသာယဉ်ကျေးနေသည်ကိုမြင်ရတာ ချစ်ဖို့ကောင်းလှသည်ဟု ရှောင်းကျန့်တွေးနေမိသည်။
“သားတို့လာမယ်ဆိုလို့ မား....အခန်းတွေရှင်းထားတယ်”
“အခန်းတွေ?”
YOU ARE READING
💕True Love 💕
FanfictionUnicode ဒါလေးကတော့ ZhanYi BL fanfic ❤️💚🐰🦁လေးပါ။ ဒီတစ်ခါတော့ Same အဖြစ် Xiao Zhanလေးကိုထားပါရစေနော်😊 တကယ်က ပြင်ပမှာ သူတို့နှစ်ယောက်ဟာ YiZhan or ZhanYi ဘာပဲဖြစ်ဖြစ် တိမ်လွှာတို့ဖြစ်စေချင်တာက သူတို့နှစ်ယောက် နီးစပ်ဖို့ပဲလေ🥰 အခု တိမ်လွှာရေးမယ့် Zha...