Ep-11(Unicode)

330 15 0
                                    

💕 True Love 💕Ep-11

ZhanYi fanfic ❤️💚

BL fic 🐰🦁

မနက်စောစော ရိုက်ကွင်းရှိ၍ရှောင်းကျန့်လည်းစောစောထကာ ပြင်ဆင်နေရသည်။ ရိုက်ကွင်းသွားရန်ပြင်ဆင်နေရင်း မနေ့ညက ရိပေါ်ပြောခဲ့သော စကားများကို ပြန်တွေးနေမိ၏။ ထိုအချိန်မှာပဲ လူခေါ်ဘဲလ်သံထွက်ပေါ်လာ၍ ရှောင်းကျန့်လည်း တံခါးဖွင့်ပေးလိုက်ရာ

     “အာ မိန်လီပါလား၊ အစောကြီးပဲ”

     “မနက်စာအတူစားရအောင် လာခဲ့တာလေ၊ အချိန်မီတယ်မလား”

ရှောင်းကျန့်၏ကွန်ဒိုထိပင်ရောက်လာသော မိန်လီကိုတွေ့တော့ ရှောင်းကျန့်နည်းနည်း စိတ်မသက်မသာဖြစ်သွားရသည်။ မည်မျှ‌လောက်ရင်းနှီးသော သူငယ်ချင်းဖြစ်စေကာမူ သွေးမတော် သားမစပ်ဘဲ မိန်းကလေးနှင့် ယောက်ျားလေး နှစ်ယောက်တည်း လူမမြင်ကွယ်ရာမှာ ရှိနေခြင်းက မသင့်တော်ဟုထင်မိခြင်းကြောင့်ပင်။ ထို့ကြောင့် အမြန်ပြင်ဆင်ရန်တွေးလိုက်ရင်း

     “ဒါဆို ငါအဝတ်သွားလဲဦးမယ် ထိုင်နေလိုက်ဦးနော်၊ ခဏပဲ”

မိန်လီအား ဧည့်ခန်းတွင်ထိုင်ခိုင်းပြီး အဝတ်အစားလဲရန် ရှောင်းကျန့်လည်း အခန်းထဲသို့ဝင်လာခဲ့သည်။ သူ အဝတ်အစားလဲနေစဉ်မှာပဲ အိမ်ရှေ့မှ လူခေါ်ဘဲလ်သံကြားရပြန်၏။
ထို့ကြောင့် ဘောင်းဘီအမြန်ဝတ်ပြီး အင်္ကျီကြယ်သီးတပ်လက်စတန်းလန်းနှင့်ပဲ အိမ်ရှေ့ပြေးထွက်လာရာ မထင်မှတ်ထားသော မြင်ကွင်းတို့က စောင့်ကြိုနေတော့သည်။

တံခါးဖွင့်ပေးသော ရှောင်မိန်လီကိုတစ်လှည့် အင်္ကျီဝတ်လက်စနှင့်ကပိုကရိုထွက်လာသော ရှောင်းကျန့်ကိုတစ်လှည့်ကြည့်ကာ အံ့ဩမင်သက်နေပြီး လက်ထဲမှအထုပ်များပင် လွတ်ကျသွားသော ဝမ်ရိပေါ်။ အံ့ဩနေသောမျက်ဝန်းများမှ ချက်ချင်းဒေါသရောင်ပြောင်းသွားသောမျက်ဝန်းများမှာ အရည်ကြည်ကြည်တို့စိမ့်ထွက်လာသည်။ ဖွေးဥနုဖတ်နေသော မျက်နှာလေးမှာ အနီရင့်ရောင် သန်းလာတော့၏။

     “ရိပေါ် ဘယ်လိုရောက်လာ...”

     “ဒီလိုတွေဖြစ်နေမှန်း ခုမှသိတာပဲ၊ မနေ့ကတည်းက ကျွန်တော့်ကိုညာခဲ့တယ်၊ ဒီနေ့တော့ ဘယ်လိုညာဦးမလဲ”

💕True Love 💕Where stories live. Discover now