Part 1(Unicode)

10.8K 311 3
                                    

~သခင်ကြင်လျှင်ချစ်ခြင်းမည်~

"သား ပြန်လာတာနောက်ကျတယ်နော်"

'သူ့သခင်' အိမ်ထဲဝင်ဝင်ချင်းမကြားချင်သည့်အသံကိုကြားလိုက်ရသည်။
ဘာမှပြန်မဖြေဘဲအပေါ်ထပ်ကိုတက်ဖို့ခြေလှမ်းစလိုက်သည်။

"သား ထမင်းမစားတော့ဘူးလား"

"တောက်! ဒီမှာ ခင်ဗျားကျနော့်ကိုဘယ်လိုခေါ်နေတာလဲ
ကျနော့်ကိုသားလို့မခေါ်ဖို့ပြောထားပြီးသားနော်
ခင်ဗျားကကျနော့်ဒယ်ဒီကိုယူထားပေမဲ့ကျနော့်မာမီနေရာကိုရလိမ့်မယ်မထင်နဲ့"

"မာမီက. . အန်တီက သားမာမီနေရာကိုရချင်လို့မဟုတ်ပါဘူး သားကအန်တီသားအရွယ်မို့သားလို့ခေါ်တာပါ"

"တော်လိုက်တော့ ဒေါ်မြမင်းထင်
ကျနော့်ကိုသားလို့ထပ်မခေါ်ပါနဲ့"

"ကောင်းပါပြီ သူ့သခင်
ထမင်းစားမလား အန်တီပြင်ပေးမယ်လေ"

"မလိုဘူး ကျနော့်မှာခြေလက်အစုံပါတယ်
ထပ်ပြောထားမယ် ကျနော်နဲ့လာမပတ်သက်ပါနဲ့
ဒယ်ဒီကိုသာ ခင်ဗျားချုပ်ကိုင်လို့ရမယ် ကျနော့်ကိုတော့ဘယ်တော့မှချုပ်ကိုင်ဖို့မကြိုးစားပါနဲ့"

သူ့သခင် စိတ်ထဲရှိတဲ့အတိုင်းပြောပြီးအပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်။
ထိုမိန်းမဘယ်သို့ဘယ်ပုံကျန်ခဲ့မည်ကို သခင် စိတ်မဝင်စား။
မိထွေးကမိထွေးနေရာမှာနေသင့်တယ်လို့ သခင်ထင်မိသည်။
ထိုမိထွေးကလဲ သူ့သခင် မလိုချင်ပါဘဲရခဲ့ခြင်းဖြစ်သည်။
သခင် ဒယ်ဒီ့ကိုမုန်းသည်။
မိထွေးဆိုတဲ့အဲ့ဒီမိန်းမကိုပိုမုန်းမိသည်။

"ဟူးးးး. . .ဘယ်လို မိမဆုံးမလဲမသိဘူး
လူကြီးကိုလူကြီးမှန်းမသိပြန်ခံပြောနေတယ်
ငါကိုယ်တိုင်ကမှားတာကိုယ့်ထက်အသက်ကြီးတဲ့ယောကျ်ားကိုယူထားပြီး
အသက်10နှစ်လောက်ကွာတဲ့လင်ပါသားပြောတာကိုခံနေရတယ်
တောက်!စိတ်တိုဖို့ကောင်းလိုက်တာ"

မြမင်းထင်ဆိုသည့်သူမဘဝမှာ ဘယ်သူပြောတာကိုမှငြိမ်မခံခဲ့။
အမြဲတမ်းအနိုင်နဲ့သာပိုင်းခဲ့သည်။
အခုလင်ပါသားပြောတာကိုတော့ငြိမ်ခံနေရသည်။
သူ့ဒယ်ဒီကြောင့်သာမဟုတ်ရင် ဒီဟာလေးကိုအမှုန့်ကြိတ်ပစ်လိုက်သည်။

သခင်ကြင်လျှင်ချစ်ခြင်းမည် (Completed)Место, где живут истории. Откройте их для себя