*သခင်ကြင်လျှင်ချစ်ခြင်းမည်*
"မင်း အဲ့ကောင်လေးကိုဘာတွေပြောလိုက်လို့လဲ သခင်"
"ငါ့ကိုထပ်ပြီးမပတ်သက်ဖို့ပြောလိုက်တာ
အကြောင်းရှာပြီးငါ့ကိုဇာတ်လမ်းတွေလာဆင်နေမှာစိုးလို့
အဲ့ဒါကြောင့်ငါပြောလိုက်တာ""မင်းထင်သလိုလဲမဟုတ်လောက်ပါဘူး ထင်ရာကိုစွတ်မပြောနဲ့ တဖက်လူကို အားနာစရာကောင်းတယ်
သူသာအဲ့လိုလုပ်ချင်ရင် မင်းကိုသူဆေးရုံပို့ခဲ့တာ သူပါလို့ပြောမှာပေါ့
သူ့မှာအဲ့လိုစိတ်မရှိလို့ မင်းရောငါရောအခုမှသိရတာလေ
ဒါတောင်သူ့သူငယ်ချင်းတွေပြောလို့သိတာ
မင်းသူ့ကိုပြန်တောင်းပန်လိုက်ပါလား""ဟာ …ဘာတောင်းစရာလိုလို့လဲ ငါကမသိလို့ပြောလိုက်တာကို ကျေးဇူးတင်ကြောင်းပြောလိုက်ရင်ရနေတာပဲ"
"အေးပါ အဲ့ဒါဆိုလဲမင်းသဘောပဲ
ဒါဆို အခုအတန်းပြန်ရအောင်"စာသင်ရင်းသခင်စဉ်းစားနေမိသည်။ ဝေဖြိုးပြောသလိုပဲ
သခင် နည်းနည်းလွန်သွားလားမသိ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ကြောင်းပြောလိုက်ရင် ရမှာပါ။"စိုင်းနေ အခြေအနေဘယ်လိုလဲ"
"Okပါတယ်ကွ ငါမင်းကိုကိုနဲ့တိုက်ရိုက်ပြောခဲ့လိုက်တာ"
"ဟင်. ."
"ဟုတ်တယ်လေ သူတို့ကနှစ်ယောက်လုံးအတူတူရှိနေတာမို့
သူ့ကြည့်ရတာနည်းနည်းတော့ စိတ်မကောင်းဖြစ်သွားပုံပဲ
ဒါပေမဲ့လဲ မာနကခံနေတော့ ငါတို့ကိုလေသံမာမာနဲ့ပဲပြောတာ""အေး သူ့မာနတွေဘယ်ထိခံမလဲကြည့်ရတာပေါ့ကွာ"
"မနက်ဖြန် ကျောင်းရောက်ရင် သူမင်းစီကိုလာလိမ့်မယ်
ငါပြောရဲတယ် နိဒါန်း""ကိုကိုလာမယ်ဆိုတော့ မောင်က ကြိုဆိုရမှာပေါ့ကွာ"
"ဟား…ဟား…"
"မောင်တဲ့…ရွံစရာကြီး နိဒါန်းသစ်ရာ"
"မိုးမေလင်း ရွံစရာပါလား ချစ်သူတွေဖြစ်ရင် မောင်လို့ခေါ်ခိုင်းမှာ အဟက်"
"ဆုတောင်းတွေပြည့်ပါစေ ငါ့သား"
"မအေလိုးလေး"
![](https://img.wattpad.com/cover/289865893-288-k395350.jpg)